Pages

မလေးရှားတွင်မြန်မာမလေးတစ်ဦးကားတိုက်သေဆုံး

ပလက်ဝမြို့နယ်၊ ကာရမိတ်ကျေးရွာမှ ဦးထင်မန်း၏ သမီး မဆောင်ကိုး (အသက် 22) သည် မလေးရှားစံတော်ချိန် မနေ့ညနေ ၉ :၃၀ နာရီ (မြန်မာစံတော်ချိန် ည 8 နာရီခန့်) တွင် သူမ၏အမျိုးသား အိုက်အောင်သန်းနှင့်အတူ ဈေးဝယ်ပြီးအပြန်၊ လမ်းဖြတ်ကူးရာတွင် ကားတိုက်မှုဖြစ်ပွားပြီး ၄င်းနေရာ၌ ပွဲချင်းပြီး ဆုံးပါးသွားခဲ့ကြောင်း သတင်းရရှိပါသည်။


၎င်းအား ဆက်လက်စုံစမ်းရာ ကားတိုက်မှုဖြစ်ပွားပြီးနောက် ရဲများမှ Saradan ဆေးရုံသို့ ပို့ဆောင်ပြီး အအေးတိုက်သွင်းထားခဲ့ကြောင်း သိရှိရပါသည်။
မဆောင်ကိုးအား မလေးရှားနိုင်ငံ Sungai Bula သုသာန်သို့ ယနေ့မွန်းလွဲပိုင်း ၃ :၀၅ နာရီ တွင် မလေးရှားနိုင်ငံရောက်ခူမီးလူမျိုး အယောက် ၄၀ ကျော်မှ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း၊ အဆိုပါအခမ်းအနားတွင် ကိုယ်တိုင်ပါဝင် လုပ်ဆောင်ပေးသူ Paletwa Khumi Community အဖွဲ့မှ Coordinator ကိုလွင်လွင်မှ ပြောကြားပေးခဲ့ပါသည်။


 khumimediagroup

No comments:

Post a Comment