"အဲဒီကိစ္စက ကျွန်တော်တို့ မသိသေးပါဘူး၊ လာရောက်ဆက် သွယ်ခြင်း မရှိသေး ပါဘူး" ဟု ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းအကြီး တန်းအရာရှိတစ်ဦးက Venus News Weekly သို့ပြောသည်။ ဟိုတယ်လုပ်ငန်းရှင်များ အသင်း(ရန်ကုန်ဇုန်) ဥက္ကဋ္ဌ ဦးတင် ဝင်းကလည်း ယင်းကိစ္စကို သိရှိ ခြင်းမရှိသေးကြောင်း၊ ရင်းနှီးမြှုပ်နှံ ပါက ကြိုဆိုရမည်ဖြစ်ကြောင်း ဇွန်လ ၁၀ ရက်နေ့တွင် ပြောသည်။
" လာဆောက်ရင်တော့ ကောင်း တယ်။ အခုဆောက်မယ်ဆိုရင် တောင် ဟိုတယ် ကနှစ်နှစ်လောက် ဆောက် ရမယ်၊ ၂၀၁၅ လောက်မှ တည်းခိုနိုင်မယ်၊ ဒီဟိုတယ်ဆောက် ပေမယ့် အခန်းလိုအပ်ချက်ကတော့ ရှိနေမှာ ပဲ" ဟု ၄င်းကဆိုသည်။ အင်တာနက်သတင်းတစ်ရပ် အရ Capple ကုမ္ပဏီသည် ရန်ကုန် နှင့် မန္တလေးမြို့တွင် ဖွင့်လှစ်ထား သောSedona Hotel များကို ပိုင် ဆိုင်ပြီး ရင်းနှီးမြှုပ်နှံငွေမှာ ဒေါ် လာ ၁၄၈ သန်းရှိသည်။ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းမှ ထုတ်ပြန်ထားသော စာရင်းအရ မြန်မာနိုင်ငံတွင် နိုင်ငံ ခြားမှ ရင်းနှီးမြှုပ်နှံထားသော ဟို တယ် ၂၂ လုံးရှိပြီး စင်ကာပူနိုင်ငံမှ အများဆုံးရင်းနှီးမြှုပ်နှံထားသည်။ ၄င်းစာရင်းအရ အစိုးရပိုင်သော ဟို တယ် ၉ လုံး၊ ပုဂ္ဂလိက ဟိုတယ် ၆၇၈ လုံးရှိသည်။ မြန်မာနိုင်ငံသို့ စင်ကာပူအခြေ စိုက်နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုအဖွဲ့ ဝင် ၁၅ ဦး ယခုနှစ်မေလကုန်တွင် လာရောက်ခဲ့ပြီး ဟိုတယ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ဆွေးနွေး မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။ လက်ရှိရန်ကုန်မြို့တွင် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၁၈၇ လုံးရှိပြီး အိပ်ခန်းပေါင်း ၈၀ဝ၀ ခန့်ရှိကြောင်း ရန်ကုန် ဟိုတယ်ဇုန်မှသိရသည်။

0 comments:
Post a Comment