<div style='background-color: none transparent;'></div>

Home » » ရေကြောင်းသိပ္ပံအနီးတွင် ကွန်တိန်နာကား ဓာတ်တိုင်ဝင်တိုက်၍ လူနှစ်ဦးဒဏ်ရာရ

ရေကြောင်းသိပ္ပံအနီးတွင် ကွန်တိန်နာကား ဓာတ်တိုင်ဝင်တိုက်၍ လူနှစ်ဦးဒဏ်ရာရ

Myit Makha Mediagroup, 21June 2012 —-    ဘုရင့်နောင်လမ်းမကြီး ရေကြောင်းသိပ္ပံသင်တန်းကျောင်းအနီးရှိ အရာရှိဝန်ထမ်းအိမ်ယာအရှေ့တွင် ဇွန်လ(၂၁)ရက်နေ့ ယနေ့ နံနက်၆နာရီအချိန်က ကိုယ်ထည်မပါ ကွန်တိန်နာကုန်တင် ကားတစ်စီးကလမ်းဘေးဓာတ်တိုင်အား ၀င်ရောက်တိုက်မိကာ လူ(၂)ဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါယဉ်တိုက်မှုကြောင့် အခင်းဖြစ်ပွားရာအနီးတ၀ိုက်တွင် ခေတ္တမီးပျက်တောက်မှုဖြစ်ပေါ်ခဲ့ပြီး EPCမှ အမြန်လာရောက်ပြုပြင်ပေးခဲ့သည်။
ဖြစ်စဉ်မှာ ကွန်တိန်နာကုန်ကား(ကိုယ်မပါ)မှ ကားကွေ့ချိန်၌ အရှိန်ဖြင့်မောင်းနှင်လာသော တက္ကစီအား ရှောင် တိမ်းရာမှ ဓာတ်တိုင်အား ၀င်ရောက်တိုက်မိခဲ့ကြောင်း ကိုယ်တိုင်မြင်တွေခဲ့ရသူများထံက  သိရှိရသည်။ “ကွန်တိန်နာကလမ်းထဲကိုကွေ့ပြီးအ၀င်မှာ တက္ကစီကိုရှောင်ပြီး တိုက်မိတာ။ ဓာတ်တိုင်လဲ သွားတယ်။”ပာု နီးစပ်ရာ ကော်ဖီဆိုင်မှ ယဉ်တိုက်မှုအား တွေရှိခဲ့သူ မနီလာက ဆိုသည်။
ဓာတ်တိုင်အားဝင်တိုက်မှုကြောင့် ကွန်တိန်နာကားမောင်းသူ မှာ ခေါင်းဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး ယဉ်နောက်လိုက်မှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဒဏ်ရာရသူနှစ်ဦးအား  ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ်ကုသမှုခံယူလျှက်ရှိကြောင်း ယဉ်မောင်းမှာ အသက်အန္တရာယ် စိုးရိမ်ရဖွယ်ရှိကြောင်း စုံစမ်းသိရှိရသည်။

“ယာဉ်မောင်းကတော့ စိုးရိမ်ရတယ်။ ဆေးရုံသွားတုန်းကတောင် ရပ်ကွက်ကလူတွေ မနည်းဆွဲထုတ်ပြီး ဆေးရုံကာပေါ်တင်ပေးလိုက်ရသေးတယ်”ပာု မနီလာက ဆက်ပြောသည်။
စောဇင်ညီ(မြစ်မခ)
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map