<div style='background-color: none transparent;'></div>

Home » » ဂျာမဏီက ကားကြော်ငြာ အတွက် မိုးဟေကို

ဂျာမဏီက ကားကြော်ငြာ အတွက် မိုးဟေကို



သတင်း၊ ဓာတ်ပုံ- Popular Journal's facebook
"ဂျာမနီနိုင်ငံထုတ် ကားမဂ္ဂဇင်းမှာ ဖော်ပြဖို့အတွက် ဂျာမနီက ဓာတ်ပုံဆရာနဲ့ ဓာတ်ပုံရိုက်ခဲ့တဲ့ မိုးဟေကို"

ဂျာမနီနိုင်ငံက ထုတ်လုပ်တဲ့ PORSCHIST ကားမဂ္ဂဇင်းအတွက် ဓာတ်ပုံကို မြန်မာမင်းသမီး မိုးဟေကိုနဲ့ အတူ ဂျာမနီဓာတ်ပုံဆရာ Sven Hoyaux က ရွှေတိဂုံဘုရားမှာ ရိုက်ကူးခဲ့ပါတယ်။ ဇွန်လ၁၂ရက်နေ့က ရိုက်ကူးခဲ့တဲ့ အဆိုပါ ဓာတ်ပုံရိုက်ကွင်းမှာ မိုးဟေကိုက မြန်မာ့မူ၊ မြန်မာ့ဟန် ကို ပေါ်လွင်စေမယ့် အဆင်အယင်နဲ့အတူ သနပ်ခါး ပါးကွက်ကြားနဲ့ ဓာတ်ပုံ အရိုက်ခံခဲ့ပါတယ်။



PORSCHIST ကားမဂ္ဂဇင်းဟာ အဲဒီ ကားရှိတဲ့ နိုင်ငံတွေမှာ ဓာတ်ပုံ ရိုက်ကူး တာ ဖြစ် ပြီး မြန်မာနိုင်ငံမှာ လည်း ကားတစ်စီး ရှိတာကြောင့် မြန်မာ မင်းသမီး မိုးဟေကိုနဲ့ လာရောက် ရိုက်ကူး ခြင်းဖြစ်ကြောင်း ပြောပြပါတယ်။ ဂျာမနီ နိုင်ငံမှာ အခုလို ကားမဂ္ဂဇင်းဟာ PORSCHIST ကားမဂ္ဂဇင်း တစ်ခု တည်းသာရှိပြီး တစ်နှစ်မှာ ၄ အုပ် သာထုတ်ဝေတာဖြစ်ပါတယ်။ PORSCHIST မဂ္ဂဇင်းအတွက် ဓာတ်ပုံ အရိုက်ခံခဲ့သူ မိုးဟေကိုက ဂျာမနီ ဓာတ်ပုံ ဆရာနဲ့ မဂ္ဂဇင်း အတွက် ဓာတ်ပုံရိုက်ကူးခဲ့တဲ့ သူ့ရဲ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။

“ဂျာမနီက ဓာတ်ပုံ ဆရာ ကိုယ်တိုင်ကိုက မြန်မာ့ရိုးရာ သနပ်ခါး ကို လူတိုင်းလိမ်းကြတာ တွေ့ ရတဲ့အတွက် သနပ်ခါး လိမ်းပေးပါ ဆိုတာနဲ့ လိမ်းပြီး ရိုက်ပေးဖြစ်တယ်။ ချိတ်ထဘီ ဝတ်ခဲ့တယ်။ ရွှေတိဂုံဘုရား အရှေ့ နဲ့ ရွှေတိဂုံဘုရား ပေါ်မှာ မြန်မာမှု ကိုပေါ်လွင် အောင် ရိုက်ကူးခဲ့ ပါတယ်။ သူတို့က မိုးကို အွန်လိုင်းကနေ တစ်ဆင့်ဆက်သွယ်တယ်။ ဒီက ကားပိုင်ရှင်ကနေလည်း တစ်ဆင့် ဆက်သွယ်ပြီး မိုးကို ဓာတ်ပုံ ရိုက်ဖို့ ကမ်း လှမ်းကြတယ်။ ဘာပဲဖြစ်ဖြစ် ဂျာမနီနိုင်ငံမှာ ထုတ်ဝေမယ့် မဂ္ဂဇင်းမှာ မြန်မာ့ ရိုးရာအသွင်အပြင်နဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ဓာတ်ပုံရိုက်ကူးခွင့်ရတာ ဝမ်းသာမိပါတယ်” လို့ PORSCHIST မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင် အဖြစ် မြင်တွေ့ရမယ့် မိုးဟေကို က ပြောပြပါတယ်။


ဝဿန်
http://blog.irrawaddy.org/2012/06/blog-post_637.html
Share this article :

1 comments:

3rdthameetaw said...

ဂယ်လှတယ်ဗျို့ 

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map