Pages

ပြည်ထောင်စုခုံးကျော်တံတားအနီး ကွန်တိန်နာကားတစ်စီးတိမ်းမှောက်

The Myanmar Post News Journal, 24June 2012 —- ရန်ကုန်တိုင်းဒေသကြီး သ င်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် လမ်းမကြီးနှင့် သံသုမာလမ်းသို့ဆက် သွယ်ထားသော ပြည်ထောင်စုခုံး ကျော်တံတားအောက်ခြေဘက်နှင့်  ပန်းဈေးကြားတွင် ဇွန် ၂၃ ရက် ည ၉ နာရီခွဲအချိန်က ကွန်တိန်နာယာဉ်  (၆က/၆၅၇၇) မှာ ပြည်ထောင်စုခုံး ကျော်တံတားအတက်သို့ တက်ရာ အရှိန်မထိန်းနိုင်၍ တိမ်းမှောက်သွား ကြောင်းသိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ကွန်တိန်နာယာဉ်မောင်းမှာ တိမ်း မှောက်သည့်ဒဏ်ရာများကြောင့် သ တိမေ့သွားသဖြင့် တာဝန်ရှိသူများက သင်္ဃန်းကျွန်းစံပြဆေးရုံသို့ပို့ဆောင် ခဲ့ပြီး အဆိုပါဆေးရုံမှတစ်ဆင့် ရန် ကုန်ပြည်သူ့ဆေးရုံကြီးသို့ ထပ်မံပို့ ဆောင်စေခဲ့ကြောင်းစုံစမ်းသိရသည်။
““ကျွန်တော်တို့က ၀ုန်းကနဲဆို တော့ ထကြည့်မိတယ်။ ခုံးတံတား အထက်မှာ ကွန်တိန်နာကားကြီးတုံး လုံးလဲနေတာမြင်ရတယ်””ဟု အဆို ပါဖြစ်ပွားသည့်နေရာအနီးရှိ ပန်း ရောင်းချနေသူတစ်ဦးကဆိုသည်။ ဒီ ကားဘေးနားကနေဖြတ်သွားတဲ့ကား တစ်စီးစီးပေါ်သာ ဒီလိုကျသွားရင် မတွေးဝံစရာပဲ””ဟု မျက်မြင်တွေ့ရှိ သူတစ်ဦးကပြောသည်။
အဆိုပါဖြစ်ပွားသည့်နေရာသို့ ရန်ကုန်တိုင်းမီးသတ်ဌာနမှ မီးသတ် ယာဉ် ၃ စီး၊ လူနာတင်ယာဉ်တစ်စီး ဖြင့်အကူအညီပေးခဲ့ကြောင်းသိရသည်။
ရဲမြတ်

No comments:

Post a Comment