<div style='background-color: none transparent;'></div>

Home » » တောင်ကုတ်-သံတွဲလမ်းဆုံတွင် လူမျိုးခြား ၁၀ဦးခန့်အားကားပေါ်မှ ဆွဲချသတ်ဖြတ်မှုဖြစ်ပွား

တောင်ကုတ်-သံတွဲလမ်းဆုံတွင် လူမျိုးခြား ၁၀ဦးခန့်အားကားပေါ်မှ ဆွဲချသတ်ဖြတ်မှုဖြစ်ပွား


မေလ ၂၈ရက်နေ့က ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာတွင် လူမျိုးခြားသုံးဦးက မုဒိမ်းကျင့်သတ်ဖြတ်ခြင်းခံခဲ့ရသော ဆယ်ကျော်သက်အရွယ်အမျိုးသမီးငယ်၏ရုပ်အလောင်း(photp- Arakan Times)
The Voice Weekly , 3June 2012 —-  သံတွဲမှ ရန်ကုန်သို့ ထွက်ခွာလာသော ရိုးမသစ္စာ ခရီးသည်တင်ယာဉ်အား တောင်ကုတ် – သံတွဲ လမ်းဆုံတွင် ဒေသခံ ရခိုင်လူမျိုးများက တားဆီးကာ ကားပေါ်တွင် လိုက်ပါလာသည့် လူမျိုးခြား ဆယ်ဦးခန့်ကို ကားပေါ်မှ ဆွဲချ၍ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ဆက်သွယ် ပြောကြားချက်အရ သိရှိရသည်။

လွန်ခဲ့သော မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာ ဒေသခံ ဆယ်ကျော်သက် အရွယ် မိန်းကလေး တစ်ဦးကို လူမျိုးခြား သုံးဦးက မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ခြင်းကြောင်း ယခုကဲ့သို့ လက်တုံ့ပြန်မှုများ ဖြစ်ပွားခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း တောင်ကုတ် ဒေသခံအချို့က ပြောကြားသည်။
အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ရိုးမသစ္စာ ခရီးသည်တင်ယာဉ်လိုင်း ရန်ကုန်ရုံးသို့ အတည်ပြု ဆက်သွယ် မေးမြန်းခဲ့ရာ ဖြစ်စဉ် ဖြစ်ပွားသည်မှာ မှန်ကန်သော်လည်း အဆက်အသွယ် ပြတ်တောက်နေသဖြင့် သေဆုံးသူ ဦးရေနှင့် ပတ်သက်၍ အတည်ပြု ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။
Share this article :

2 comments:

3rdthameetaw said...

ကြောက်စရာကြီးပါလားနော်

lin lin said...

လုမျိုးသုံးဦးမဟုတ်ဘူးကွာ ခွေးကုလားးးးးတွေ လုပ်နေတာပါ အဲမှာခွေးကုလားတွေဘဲရှိတာကို။။။ဒီလိုကိစ္စတွေဆို အဲလိုခွေးတွေဘဲ
လုပ်ကြတာဘဲ

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map