<div style='background-color: none transparent;'></div>

Home » » အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍တိုင်ကြားပါက စုံစမ်းဖော်ထုတ်အရေးယူမည်

အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍တိုင်ကြားပါက စုံစမ်းဖော်ထုတ်အရေးယူမည်


The Myanmar Times, 31May 2012 —-  အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနသို့ လိပ်မူတိုင်ကြားပါက အရေးယူ စုံစမ်း ဖော်ထုတ်မည် ဖြစ်ကြောင်း အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ ဥပဒေနှင့် အကျိုး ဆောင်ဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဆွေက ပြောသည်။

” corruption နဲ့ပတ်သက်ပြီး ပြည်သူ တစ်ယောက်က ကျွန်တော်တို့ဌာနကို တိုင်ကြားရင် အရေးယူဆောင်ရွက်ဖို့ ရှိပါတယ်။ လိပ်စာ အနေနဲ့ “သို့ညွှန်ကြားရေးမှူးချုပ်၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ နေပြည်တော်” ဆိုရင် ရပါတယ်။ “တိုင်သူဘက်က မှန်ကန် ဖို့တော့ လိုတယ်။ မှတ်ပုံတင်တို့၊ လိပ်စာတို့ပါရင် ပိုကောင်းတယ်။ အဲဒါမှ တိုင်စာဖြစ်မှာ ဖြစ်တယ်။
အတိအကျမဟုတ်ရင် ပစ်စာ ဖြစ်သွားမယ်။ ပစ်စာရဲ့အဓိပ္ပာယ်နဲ့ တိုင်စာရဲ့အဓိပ္ပာယ်က အများကြီးကွာတယ်”ဟု ၎င်းက ပြောသည်။

အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန အပြင် နိုင်ငံတော်သမ္မတနှင့် ပြည်ထဲရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့ တိုင်ကြားနိုင်ကြောင်းလည်း ၎င်းက ပြောသည်။

“သမ္မတရုံးကို တိုင်တယ်။ သမ္မတရုံးက ပြည်ထဲရေးကို တာဝန်ပေးတယ်။ အဲဒီအထဲက ကျွန်တော်တို့နဲ့ဆိုင်တဲ့ ကိစ္စတွေကို ကျွန်တော် တို့ကို တာဝန်ပေးတယ်ဆိုရင် အဲဒီအပေါ်မှာ ကျွန်တော်တို့က စစ်တယ်။ “ကျွန်တော်တို့ဆီကို တိုင်ရင် ကျွန်တော်တို့က ပထမဦးဆုံး ရရှိတဲ့ သတင်းအပေါ်မှာ မူတည်ပြီးတော့ ၀န်ကြီးဆီကို တင်ပြတယ်။ ၀န်ကြီးဆီက အဲဒါကို စစ်ပါလို့ အမိန့်ကျတယ်ဆိုရင် ပထမဦးဆုံး ကျွန်တော်တို့က စုံစမ်းတယ်၊ စစ်ဆေးရတယ်။ “စစ်ဆေးတွေ့ရှိမှုအပေါ် အခြေပြု ပြီးတော့မှ ၀န်ကြီးဆီကို ပြန်တင်ပြတယ်။ ၀န်ကြီးက တရားစွဲပါဆိုရင် သက်ဆိုင်ရာ တရားရုံးမှာ တရားစွဲတာပါ”ဟု ဦးမျိုးခိုင်ဆွေက ပြောသည်။

“ဒီကြားထဲ စုံစမ်းစစ်ဆေးတဲ့ အပိုင်းမှာ တွေ့ရှိတာကို ကျွန်တော်တို့ ဌာနက ဥပဒေထင်မြင်ချက်၊ ဘယ်ဥပဒေနဲ့ ငြိတယ် ဆိုတာကို တင်ပြပေးတယ်” ဟု ၎င်းက ပြောသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map