Pages

ကျောင်းသားအုပ်စုတွေရန်ဖြစ်ရာမှ တစ်ယောက်သေပြီး နှစ်ယောက် ဓါးဒဏ်ရာရ

မန္တလေးတိုင်း ကျောက်ဆည်တက္ကသိုလ်မှ ဇန်နဝါရီလ (၄)ရက်နေ့မှာ မနက်မှာပြုလုပ်မယ့် ဘူမိဗေဒဌာနရဲ့ မိုင်(၂၀)လမ်းလျှောက်ပွဲအတွက် (၃)ရက်နေ့ညမှာ ကျောင်းကိုလာအိပ်ကြရာမှ ကျောင်းသားအုပ်စုတွေစကားများရန်ဖြစ်ကြကာ တစ်ယောက်သေပြီး နှစ်ယောက် ဓါးဒဏ်ရာရရှိခဲ့တာပါ။
မျက်မြင်တစ်ဦးအဆိုအရ ကားနဲ့လာတဲ့ ကျောင်းသားတွေဟာ တခြားတက္ကသိုလ်ကဖြစ်ပြီး ကျောက်ဆည်တက္ကသိုလ်က ကျောင်းသား(၅)ဦးနဲ့ စတင်ရန်ဖြစ်ခဲ့တာဖြစ်ကြောင်း သိရသည်။
အပြင်မှာမုန့်ထွက်စားတဲ့ (သေဆုံးသူ) မောင်ညီဇော်ထွန်းအပါအဝင် (၃)ယောက်က ကွန်ပြူတာဂိမ်းဆိုင်တွင် နာရီဝက်လောက် ရန်ပွဲပြီးအောင်စောင့်ပြီး အပြန်မှာ ကားနဲ့လာတဲ့ ကျောင်းသားတွေက လိုက်တိုက်တာဖြစ်ကြောင်း သိရသည်။
ဒုတိယအကြိမ်တိုက်ခိုက်မှုမှာ ကျန်နှစ်ဦးအား ကားနဲ့လိုက်တိုက်ခံခဲ့ရပေမယ့် ဘေးမှာရှောင်ပြီးလွတ်သွားခဲ့ကာ ဓါးဒဏ်ရာရရှိခဲ့ပြီး မောင်ညီဇော်ထွန်းကိုတော့ ကားနဲ့တိုက်ပြီး တက်ကြိတ်သွားတဲ့အတွက် နေရာတင်သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ မောင်ညီဇော်ထွန်းရဲ့ ဈာပနကို ဇန်နဝါရီ(၅)ရက်နေ့က ကျောက်ဆည်မှာ သင်္ဂြိုလ်ခဲ့ကြောင်း သိရပါတယ်။
သေဆုံးသူ ကျောင်းသားရဲ့ဖခင် ဦးခင်မောင်ဝင်းက သူ့သားအတွက် စဥ့်ကိုင်ရဲစခန်းမှာ အမှုဖွင့်ဖို့ ကြိုးစားပေမယ့် ရဲက သူကိုယ်တိုင် အမှုဖွင့်ခဲ့ပြီး ဒီအမှုကို လူသေမှုသာဖြစ်ပြီး လူသတ်မှု မဟုတ်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
သတင်းအပြည့်အစုံဖတ်လိုပါက
thithtoolwin.com
အခုလိုသတင်းတွေကိုပို့ပေးတဲ့မနှင်းနွယ်ဝေကိုအထူးကျေးဇူးတင်ပါတယ်ဗျာ

No comments:

Post a Comment