<div style='background-color: none transparent;'></div>

Home » » မိုးစက်ဝိုင်က တရုတ်သွေးပါတာ ၀န်ခံပါပြီ

မိုးစက်ဝိုင်က တရုတ်သွေးပါတာ ၀န်ခံပါပြီ

မိုးစက်ဝိုင်ကတော့ အခုနောက်ဆုံး သူ တရုတ်သွေးပါတဲ့ မြန်မာနိုင်ငံသားဖြစ်တယ်ဆိုတာ ၀န်ခံသွားပါပြီ။ တလောက သူ့ကိုယ်စား ဟယ်လို မဒမ်တို့ မစ်ယူနီဗားစ် မြန်မာအဖွဲ့တို့က အတင်းကြီးသူဟာ မြန်မာ စစ်စစ်ဖြစ်ကြောင်း၊ ရှမ်း-ဗမာဖြစ်တယ် ဘာညာနဲ့ လိမ်ညာနေတာတွေဟာ တကယ်တော့ မိုးစက်ဝိုင် အတွက် အကျိုးမများပဲ အကျိုးယုတ်ခဲ့တာသာ အဖတ်တင်ခဲ့တယ်။ 
အခုတော့ မိုးစက်ဝိုင်က သူ့ဖေ့စ်ဘုတ်စာမျက်နှာကနေ အခုလို အသိပေးလိုက်ပါပြီ။ 
မိဘပြည်သူများအားလုံးပဲမင်္ဂလာပါရှင်... အားလုံး သိချင်နေကြတဲ့ အကြောင်းလေး တစ်ခုကို မိုးစက် ရှင်းပြပါရစေ, မိုးစက်ကရှမ်းမြန်မာတရုတ်ပါ.. 
မိုးစက် မိဘများက ရှမ်းပြည်မှာမွေးတာပါ... မိုးစက်က ရန်ကုန်မှာမွေးတာပါ...
ထို့အတွက်ကြောင့် မိုးစက်မြန်မာနိုင်ငံသား စစ်စစ်ဖြစ်ပါတယ်... တရုတ်ပြည်မှာလည်းပြိုင်ပွဲမဝင်ဘူးပါ.. ကုန်သည်ကြီးများအသင်းနှစ်၁၀၀ပြည့် အထိမ်းအမှတ်အတွက်Trader hotel တွင် ကျင်းပတဲ့ပွဲ တစ်ခုတည်း သာပါဝင်ဖူးပါသည်။ 
 
မိဘပြည်သူများကို မိုးစက် အနေဖြစ်ဤမျှသာ ရှင်းပြလိုပါသည်။ ချစ်ခင်လေးစားရသော မိဘပြည်သူများ အားလုံး အားရကျေနပ်နိုင်မည်ဟု မျှော်လင့်ပါသည်.... 
ကျေးဇူးတင်ပါတယ်ရှင် 
မိုးစက်ဝိုင်
အခုလို မိုးစက်ဝိုင်က သူဟာ ရှမ်း မြန်မာ တရုတ်ဖြစ်ကြောင်း ပြောလိုက်တော့ ဘာဖြစ်သေးလဲ။ သူ့အပေါ် အဓိက ဝေဖန်မှုတွေ ဖြစ်ခဲ့တာက ဟို ပြည်သူ့အချစ်တော် ဖိုးလပြည့်ကြောင့် သာဖြစ်ခဲ့ကြတာပါ။ အခုလို အစကတည်းက လုပ်ခဲ့ရမှာ မိုးစက်ဝိုင်။ 
MM Play Boys
 
 
Today Myanmar.....................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map