<div style='background-color: none transparent;'></div>

Home » » နန်းခင်ဇေယျာက ဘာလုပ်ဖို့ သူ့ ဖုန်းနံပတ်၊ လိပ်စာတွေပေးနေတာလဲ

နန်းခင်ဇေယျာက ဘာလုပ်ဖို့ သူ့ ဖုန်းနံပတ်၊ လိပ်စာတွေပေးနေတာလဲ


နန်းခင်ဇေယျာက သူ့ အီးမေးလ်လိပ်စာ၊ ဖုန်းနံပတ်တွေကို မျှဝေကာ ဖေ့စ်ဘုတ်စာမျက်နှာက တဆင့် တိုက်တွန်းနှိုးဆော်ထားပါတယ်။ ဘာအတွက် ဆိုတာ အောက်မှာ သူရေးထားတာတွေကို ဖတ်ကြည့် လိုက်ပါ။

ချစ်ပရိသတ်ကြီး မင်္ဂလာပါရှင်…။

နန်းခင် နဲ့အတူ 27th SEA Games အကြိုလှုံ့ဆော်မှု ဖျော်ဖြေပွဲကြီးမှာ ပါဝင်ဆင်နွှဲဖို့ နဲ့ ပရဟိတလုပ်ဆောင်ဖို့ Miss International (2012) မှ Miss များကို ဖိတ်ကြားထားပါတယ်။

ဖျော်ဖြေပွဲကြီးပြီးလျှင် Miss International 2012 မှ Miss များနဲ့အတူ နန်းခင် ပုဂံ ညောင်ဦးသို့သွားရောက်ပြီး အနာဂတ်မျိုးဆက်သစ်လူငယ်ကလေးငယ်များရဲ့ ပညာရေးကို အထောက်အကူဖြစ်စေရန်၊ ဗဟုသုတအသိဥာဏ်ပညာတိုးတက်စေရန်၊
ကျောင်းသားကျောင်းသူ ညီငယ်ညီမငယ်များ စာဖတ်စွမ်းအားမြင့်မားပြီး ထူးချွန်ထက်မြက်စေရန် ရည်ရွယ်ပြီး ပရဟိတလုပ်ဆောင်မှုအဖြစ် စာကြည့်တိုက်သို့ စာအုပ်များ သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။

နန်းခင်နဲ့အတူ နန်းခင်ချစ်တဲ့ မိဘညီအစ်ကိုမောင်နှမများမှလည်း စာအုပ်စာပေများ လှူဒါန်းပေးစေလိုပါတယ်။

လှူဒါန်းလိုပါက နန်းခင်ရဲ့ Gmail (nangkhinzayyar@gmail.com)
နဲ့ Phone number (0931179779 , 095601258) ကို ဆက်သွယ်ပြီးလှူဒါန်းနိုင်ပါတယ်။ အောက်တိုဘာလ ၁၆ (၁၆.၁၀.၂၀၁၃) ရက်နေ့ နောက်ဆုံးထားပြီး ဆက်သွယ်လှူဒါန်းပေးလို့ရပါတယ်ရှင်…။

ကျေးဇူးတင်ပါတယ်ရှင်…။

နန်းခင်ဇေယျာ

ဆက်သွယ်နိုင်မည့် Gmail နှင့် Phone number များကိုဖော်ပြပေးလိုက်ပါတယ်။
09 31179779
09 5601258
nangkhinzayyar@gmail.com သို့ ဆက်သွယ်လှူဒါန်းလို့ရပါတယ်။

ဧရာဝတီ

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map