<div style='background-color: none transparent;'></div>
Home » » ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့တွင်ဇနီးမှ ယောက်ျားအား ကြက်သွန်လှီး ဓါးဖြင့် ထိုးသတ် မှု

ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့တွင်ဇနီးမှ ယောက်ျားအား ကြက်သွန်လှီး ဓါးဖြင့် ထိုးသတ် မှု

ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့၊ အင်းတကော်ရဲစခန်းအပိုင်၊အမှတ်(၄)ရပ်ကွက်တွင် (၇.၁၀.၂၀၁၃)နေ့ နံနက် (၁၁း၀၀) အချိန်ခန့်က လင်မယား နှစ်ယောက် စကားများရန်ဖြစ်ရာ ဇနီးမှယောက်ျားအား ကြက်သွန်လှီး ဓါးဖြင့် ထိုးသတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာဦးစိုးကြည်၊အသက်(၄၀)နှစ်၊ (ဘ)ဦးလှမောင်၊ အမှတ်(၄)ရပ်ကွက်၊ အင်းတကော် ကျေးရွာနေ သူနှင့် ဇနီးဖြစ်သူ မကြည်ကြည်မြင့်၊အသက်(၃၉)နှစ်၊(ဘ)ဦးသန်းမြင့်၊တို့ နေအိမ်မီးဖိုချောင်တွင် နှမ်းဖတ် ချဉ်သုတ်ရန်ကြက်သွန်လှီး နေစဉ်စကားများကြရာ ဒေါသစိတ်မထိမ်းနိုင်ဘဲ မကြည်ကြည်မြင့်မှ ခင်ပွန်းဖြစ် သူ ဦးစိုးကြည်အား ကော်ရိုးတပ်အရိုးအသွား (၉)လက်မခန့်ရှိ ကြက်သွန်လှီးဓါးနှင့်ထိုးလိုက်ရာ ဦးစိုးကြည် မှာဝဲဘက်ရင်အုံနှင့် ၀ဲဘက်လက်မောင်းတို့တွင် စူးဝင်ဒဏ်ရာများဖြင့်သဆုံးသွားခဲ့သည်။
သေဆုံးသူ ဦးစိုးကြည်၏အကိုဖြစ်သူ ဦးစိန်မောင်မှ တရားလိုပြုလုပ်၍ အင်းတကော်ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားရာ အင်းတကော် ရဲစခန်းစခန်းမှူး ရဲအုပ်ကျော်ထင်ဦးမှ(ပ)၂၀၇/၂၀၁၃ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂အရ အမှုဖွင့်ပြီးတရားခံအား ဖမ်းဆီးအရေးယူ ထားကြောင်းသတင်းရရှိသည်။
Thant Zin
Myanmar News Now
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map