<div style='background-color: none transparent;'></div>

Home » » { • နှစ်လ ကြာရှည်သော ထမင်း • }

{ • နှစ်လ ကြာရှည်သော ထမင်း • }


တခါက သမီးဖြစ်သူဟာ သူ့အမေကို စိတ်ကောက်ပြီး အိမ်ပေါ်ကနေ ဆင်းသွားပါတယ် ။ အပြင်မှာလျှောက်လည်နေတုန်း အေးကအေး မိုးကလည်းချုပ်နေတော့ ဗိုက်ကဆာလာတာပေါ့ ။ဒါနဲ့ ပေါက်စီရောင်းတဲ့ ဆိုင်ရှေ့ရောက်တော့ ဝှေ့လည်ဝှေ့လည် ဖြစ်နေတာပေါ့ ။ပိုက်ဆံကလည်း မရှိတော့ ခက်ရော ။ ဆိုင်ပိုင်ရှင်အဘွားကြီးက ပေါက်စီတစ်လုံးကို ယူပြီးကျွေးပါတယ် ။ထိုခလေးမလည်း မျက်ရည်ဝဲဝဲနဲ့ ကျေးဇူးတင်ကြောင်းပြောပြီး အမေကိုစိတ်ဆိုးလို့ အိမ်ကထွက်လာတာကို ပြောပြနေပါတယ် ။ အဖွားအိုက " သမီးကို အဖွားမသိကျွမ်းခဲ့ဘူး ၊ ဒါပေမဲ့ အဘွားကျွေးတဲ့ ပေါက်စီဟာ သမီးအမေ အနှစ်နှစ်အလီလီက ကျွေးခဲ့တဲ့ ထမင်းကို ဘယ်မှီပါ့မလဲ ။ ခလေးမလေးဟာ အိမ်ကိုအမြန်ပြန်ပါတယ် ။ အိမ်ရောက်တော့ အမေက ထမင်းပြင်ပြီး စောင့်နေတာကို တွေ့ရပါတော့တယ် ။


((( သူတစ်ပါးပေးတဲ့ ကျေးဇူးသေးသေးလေးကိုပဲ မမြင်ကြပါနဲ့ ။ တစ်သက်ကျွေးမွေးလာခဲ့တဲ့ ကျေးဇူးတရားကိုလည်း နညးလည်ပေးပါ ။ ))) 


 AP.NewsLover
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map