<div style='background-color: none transparent;'></div>

Home » » သုံးလခံဆင်းမ်ကတ် ကျပ်နှစ်သောင်းဖြင့် ရောင်း

သုံးလခံဆင်းမ်ကတ် ကျပ်နှစ်သောင်းဖြင့် ရောင်း


ဆီး ဂိမ်းပြိုင်ပွဲတွင် လာရောက်မည့် ပြည်ပအားကစားသမားများ အတွက် ဆင်းမ်ကတ်တစ်ကတ် လျှင် ကျပ်နှစ်သောင်းဖြင့် ရောင်း ချပေး မည်ဖြစ်ကြောင်း ဆက်သွယ် ရေးနှင့် သတင်းအချက်အလက် ကော်မတီမှ သိရသည်။

မြန်မာအားကစားသမား များ၊ နည်းပြ၊ အုပ်ချုပ်သူများ ကို ဆင်းမ်ကတ်အခမဲ့ပေးမည် ဖြစ်သော်လည်း ပြည်ပမှ လာ ရောက်ယှဉ်ပြိုင်မည့် အားကစား သမား၊ နည်းပြ၊ အုပ်ချုပ်သူများ နှင့်လာရောက်ကြည့်ရှုမည့် ပရိ သတ်များကိုမူ ဆင်းမ်ကတ်တစ် ကတ်လျှင် ကျပ်နှစ်သောင်းနှုန်း ဖြင့် ရောင်းချပေးမည်ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံအိုလံပစ်ကော်မတီမှ ဒေါက် တာမြတ်သူရစိုးက''ဆင်းမ်ကတ် သက်တမ်းက သုံးလပဲ အသုံးပြု လို့ရမယ်။ အဓိကအနေနဲ့ VIP တွေကို အခမဲ့ပေးမယ်''ဟု ၎င်း က ပြောသည်။

အဆိုပါ ဆင်းမ်ကတ်များ ကို (၂၇)ကြိမ်မြောက်ဆီးဂိမ်း ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားသမားများ အပြင် (၇)ကြိမ်မြောက်မသန်စွမ်း ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် မည့် အားကစားသမားများကိုပါ အခမဲ့ပေးရန် စီစဉ်ထားသည်။
ဆီးဂိမ်းပြိုင်ပွဲကို မြန်မာ နိုင်ငံမှ အားကစားသမား ၉၀၀ ဝန်းကျင်အပါအဝင် အာဆီယံ နိုင်ငံများမှ ကစားသမား ၅၀၀၀ ကျော် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map