<div style='background-color: none transparent;'></div>

Home » » ဒလမြို့တွင်မိခင်ဖြစ်သူကို သတ်၊ အလောင်းဖျောက်သည့် ပထွေးကို အမှုဖွင့်

ဒလမြို့တွင်မိခင်ဖြစ်သူကို သတ်၊ အလောင်းဖျောက်သည့် ပထွေးကို အမှုဖွင့်


မိခင်ဖြစ်သူကို သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့သည့် ပထွေးတော်စပ်သူကို သေဆုံးသူ၏ သမီးက အမှုဖွင့် တိုင်တန်းလိုက်သဖြင့် ဒလရဲစခန်းက အောက်တိုဘာ ၅ ရက်တွင် အမှုဖွင့်စစ်ဆေးနေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးက ဆိုသည်။

အမှုကို သေဆုံးခဲ့သူ၏သမီး ဒလမြို့နယ်နေသူ မရွှေသိန်းသူက အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်။

(သေဆုံးသူ) ဒေါ်တုံးလုံးသည် ၎င်း၏ နောက်အိမ်ထောင်ဖြစ်သူ ရေလုပ်သား ၀င်းထွဋ်(ခ)ရဲအောင်နှင့်အတူ လက်ခတ်လှေတစ်စင်းဖြင့် ရန်ကုန်မြစ်အတွင်း ငါးဖမ်းသွားရာမှ တစ်လအကြာထိ ပြန်လည်ရောက်ရှိမလာသဖြင့် ဒေါ်တုံးလုံး၏ သမီးဖြစ်သူက စုံးစမ်းခဲ့သည်။

ထို့ကြောင့် အောက်တိုဘာလ ၂ ရက် ညနေတွင် ပထွေးဖြစ်သူ ၀င်းထွဋ်(ခ)ရဲအောင်၏ ညီမဖြစ်သူ မကြည်ထွေးနှင့်
ယောက်ဖဖြစ်သူ နေလင်းဆိုသူတို့၏ ပြောပြချက်အရ မိခင်ဖြစ်သူ အသတ်ခံရခြင်းကို သိရှိခဲ့ရသည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

လွန်ခဲ့သော (၁၅)ရက်ခန့်က ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တထောင်အမှတ် (၆) ဗောတံတားကမ်းစပ်ရှိ လက်ခတ်လှေပေါ်တွင် ၀င်းထွဋ်(ခ)ရဲအောင်က အရက်သေစာသောက်စားပြီး ဒေါ်တုံးလုံးနှင့် စကားများခဲ့ကြသည်ဟု ဆိုထားသည်။

ထို့နောက် ၀င်းထွဋ်ဆိုသူက မိခင်ဖြစ်သူအား လှေဘောင်ဖြင့် ဆောင့်၍ သေဆုံးသွားသဖြင့် သန်လျင် ရေနံချက်စက်ရုံအနီး ရန်ကုန်မြစ်အတွင်း၌ လှေပေါ်မှ အလောင်းကို မျှောချလိုက်ကြောင်း သိရှိခဲ့ရသည်ဟုလည်း တရားလိုက ရဲအား ပြောပြထားသည်။

ထို့ကြောင့် မိခင်ဖြစ်သူအား သတ်ပြီး အလောင်းဖျောက်သည့် ပထွေးတော်စပ်သူ ၀င်းထွဋ်(ခ) ရဲအောင်အား အရေးယူပေးရန် စွပ်စွဲတိုင်တန်းထားခြင်းဖြစ်သည်။

ယင်းတိုင်တန်းမှုကို ဒလရဲစခန်းက (ပ)၄၄၅/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲတိုင်တန်းခံရသူအား ဖမ်းဆီးစစ်ဆေးနေပြီး ပြစ်မှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိပါက ပြစ်မှုပုဒ်မ ၃၀၂/၂၀၁ ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲတပ်ဖွဲ့မှူး ရုံးကဆိုထားသည်။



Mizzima
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map