<div style='background-color: none transparent;'></div>

Home » » * ဖေ့ဘုတ်မိတ်ဆွေများ သတိပြုရန် *

* ဖေ့ဘုတ်မိတ်ဆွေများ သတိပြုရန် *


===================
" ငွေ ငွေ...ငွေ "

facebook က သူငယ်ချင်းတွေ ကို အရေးကြီး တာလေး သတိပေးချင်လို့ ခင်ဗျားတို့ ကို ဖေ့ဘွခ်ကနေတဆင့်
Malinda Gloria Francires
ဆိုပြီး add မက်ဆေ့ခ်ျ တစ်ခု ပို့လာပါလိမ့်မယ် ပြီးရင် ခင်ဗျားဆီက Email အကောင့် တောင်းပါလိမ့်မယ်..

အဲဒီလို တောင်းပြီးရင်တော့ oumar.glory@yahoo.com ဆိုတဲ့ အကောင့်နဲ့ အမျိုးသမီးတစ်ယောက် က massage ပို့လာရင် လုံးဝ ပြန်မပြောပါနဲ့ ဖြစ်နိုင်ရင် ကိုယ့် အီးမေးလ် အကောင့်ကို ပါ မပေးပါနဲ့

တကယ်လို့ ပေးမိသွားရင် သူ့ massage ထဲမှာ သူဟာ U S Army က Major တစ်ယောက်ဖြစ်ကြောင်း၊ လောလောဆယ် အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်နေကြောင်း သူ့မိဘတွေကတော့ ကားအက်ဆီးဒင့် ဖြစ်လို့ ဆုံးသွားပြီ ဖြစ်ကြောင်း အာဖဂန်မှာ တာဝန်ထမ်းဆောင်ရတာ အရမ်း အန္တရာယ်များကြောင်း သူပြန်ချင်နေပါပြီ ဆိုပြီး
ဓါတ်ပုံ ၃ ပုံ ဘယ်က ပုံတွေမှန်းမသိ(အောက်တွင် ပြထားသည်)သနားစရာ ဇာတ်လမ်းတစ်ပုဒ် ခင်းပြပါလိမ့်မယ်..

ခင်ဗျားကလည်း သနားတတ်တဲ့လူ ဆိုတော့ ၀မ်းနည်းကြောင်းလေး ဘာလေး ရေးမိမှာပေါ့
နောက်တစ်စောင်ကျရင် သူတို့ တိုက်ပွဲ တစ်ခု နွှဲခဲ့ရကြောင်း၊ ခင်ဗျား ဆုတောင်းပေးလို့ ဘေးမသီ ရန်မခ ပါကြောင်း၊ ခင်ဗျားကို အကူအညီ တစ်ခု တောင်းချင်ကြောင်း၊ သူတို့ တိုက်ပွဲ မှာ စစ်သွေးကြွ တွေနဲ့ တိုက်ရင်း စခန်းထဲက ငွေ တွေ တွေ့ကြောင်း

ငွေဆိုတာတောင်
US Dollar 10.6 millions တွေ့ကြောင်း၊ ဒါတွေကို သူတို့ ခွဲယူဖို့ ဆုံးဖြတ်ထားကြောင်း၊ စစ်မြေပြင် ကနေ အိမ်ကို တိုက်ရိုက်ပို့လို့ မရတဲ့အတွက် ခင်ဗျားဆီကို Red Cross ကနေ သေတ္တာထဲထည့်ပြီး ပို့ချင်ကြောင်း သူတို့က ခင်ဗျားအိမ် တံခါးဝ အရောက် ပို့ပေးမှာ ဖြစ်လို့ လက်ခံထားရုံပဲ၊

နောက်မှ သူမ ကိုယ်တိုင် လာယူမယ်၊ သိမ်းထားပေးပါ၊ လိုအပ်ရင် သူညွှန်ကြားမယ် ခင်ဗျားအတွက် ၃၀% ကူညီခ ပေးမယ် ၃၀% (3 millions dollars)နော် နဲတာမဟုတ်ဘူး ပေးမယ်ဆိုပြီး ကမ်းလှမ်းလာမယ်

ခင်ဗျားက ငြင်းသည်ဖြစ်စေ လက်ခံသည်ဖြစ်စေ သူတို့က လက်ခံသလိုမျိုး ကောက်ယူပြီး ခင်ဗျားရဲ့ နာမည်၊ လိပ်စာ၊ အလုပ်အကိုင် ၊ ဖုန်းနံပါတ်တွေပါ တောင်းလိမ့်မယ်
ခင်ဗျားက ပေးမိတယ် ဆိုပါတော့ (3million dollars)လေဗျာ ခင်ဗျားလည်း စိတ်ဝင်စားမှာပေါ့ ဟုတ်တယ်မလား

အဲဒီအဆင့်ရောက်သွားရင် တော့ ဒီ လင့်ခ်လေးကို ကြည့်လိုက်ပါ
scam-detector.com/financial-scams/trunk-box-recovery
အဲဒီမှာ သူတို့ ဘယ်လို လှုပ်ရှားတယ် ဆိုတာ မြင်ပါလိမ့်မယ် နာမည် အမျိုးမျိုး ဇာတ်လမ်းအမျိုးမျိုး နိုင်ငံအမျိုးမျိုးကို အသုံးပြုပြီး အဖွဲ့လိုက် လှုပ်ရှားနေတယ် လို့ မြင်ပါတယ်

ဒါ ကျွန်တော့် ကိုယ်တွေ့ပါ ဒါကြောင့် နိုင်ငံခြားကနေ ဆက်သွယ်လာတဲ့ အီးမေး၊ ဖေ့ဘွတ်ခ် ဘာပဲဖြစ်ဖြစ် မသိရင် လက်မခံတာ ကောင်းပါတယ်

သက်ဆိုင်ရာ အဖွဲ့တွေ အနေနဲ့လည်း ဒါတွေကို ဖော်ထုတ်ပြီး ပြည်သူတွေ သိအောင် လုပ်စေချင်တယ် ကျွန်တော့် သူငယ်ချင်းတွေလည်း ဒါကို များများ ရှယ်ပေးစေချင်တယ်

ဌေးလင်းအောင် (တောင်ကြီး)
Ko Ba Mg
MyanmarDaily.

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map