<div style='background-color: none transparent;'></div>

Home » » ဘီယာဘူးနှင့် အပေါက်ခံရသဖြင့် ရက်ပ်အဆိုတော် ဒေါသထွက်ပြီး ဖျော်ဖြေပွဲ ဖျက်သိမ်း

ဘီယာဘူးနှင့် အပေါက်ခံရသဖြင့် ရက်ပ်အဆိုတော် ဒေါသထွက်ပြီး ဖျော်ဖြေပွဲ ဖျက်သိမ်း

ဒေါသကြီးသူ တစ်ဦးအဖြစ် နာမည်ကျော်တဲ့ အမေရိကန် ရက်ပ်အဆိုတော် ရစ်ရက်ဖ်ဟာ စင်ပေါ်မှာ သီဆို ဖျော်ဖြေနေတုန်း ဘီယာဘူးနဲ့ အပေါက်ခံခဲ့ရတဲ့အတွက် ဒေါသထွက်ပြီး ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့တယ်လို့ contactmusic.com မှာ ဖော်ပြ ထားပါတယ်။
ရစ်ရက်ဖ်ဟာ ပြီးခဲ့တဲ့ တစ်ပတ်တုန်းက အိုဟိုင်းယိုး တက္ကသိုလ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာ ပရိသတ်တစ်ဦးရဲ့ ဘီယာဘူးနဲ့ ပစ်ပေါက်ခြင်းကို ခံခဲ့ရတဲ့အတွက် ဒေါသထွက်ပြီး ပွဲကိုဖျက်သိမ်း ပစ်ခဲ့တာ ဖြစ်ပါတယ်။
ပရိသတ်တစ်ဦး ပစ်ပေါက်လိုက်တဲ့ ဘီယာဘူးက သူ့ရင်ဘတ်ကို လာရောက် ထိမှန်ပြီးတဲ့ နောက်မှာ ရစ်ရက်ဖ်ဟာ အလွန်တရာ ဒေါသထွက်ပြီး သီဆိုမှုကို ချက်ချင်းရပ်တန့် ပစ်လိုက်တဲ့အပြင် စင်ပေါ်က ဆင်းပြီး အဆိုပါ ဘီယာဘူးနဲ့ ပေါက်တဲ့သူကို ထွက်လာခဲ့ဖို့ ပြောပြီး တစ်ယောက်ချင်း ယှဉ်ပြိုင် ထိုးသတ်ဖို့ပါ စိန်ခေါ်ခဲ့တယ်လို့ မျက်မြင် တွေ့လိုက်ရသူတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ ဘယ်သူကမှ ဘီယာဘူးနဲ့ ပေါက်ပါတယ်လို့ ထွက်လာပြီး ဝန်မခံခဲ့တဲ့အတွက် ရစ်ရက်ဖ်က ပွဲကို ဖျက်သိမ်းလိုက်ပြီး ချက်ချင်းပဲ ထွက်ခွာ သွားခဲ့ပါတယ်။
ယခုရက်ပိုင်းအတွင်း ဘီယာဘူးနဲ့ အပေါက်ခံရတဲ့ ရက်ပ် အဆိုတော်ဟာ ရစ်ရက်ဖ် တစ်ဦးတည်း မဟုတ်ဘဲ အမျိုးသမီး ရက်ပ်အဆိုတော် တစ်ဦးဖြစ်သူ အက်ဇီယာ လီယာဘန့်ခ် ဟာလည်း သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြုလုပ်တဲ့ ဖျော်ဖြေပွဲမှာ ပရိသတ်တွေက ဘီယာဘူးနဲ့ ဝိုင်းပေါက် တဲ့ အတွက် ဖျော်ဖြေပွဲကို ဖျက်သိမ်း ခဲ့ရပါသေးတယ်။
By The Voice
 
 
 
Myanmar Forward................မှ

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map