<div style='background-color: none transparent;'></div>

Home » » မက်ဆီကြောင့် ဘာစီလိုနာကို မိုဗစ်ခ်ျ စွန့်ခွာခဲ့ရ

မက်ဆီကြောင့် ဘာစီလိုနာကို မိုဗစ်ခ်ျ စွန့်ခွာခဲ့ရ



ဘာစီလိုနာမှ အီဘရဟီမိုဗစ်ခ်ျ ထွက်ခွာခဲ့ရသည့် အကြောင်းရင်းများ
ထဲတွင် မက်ဆီ၏ လွှမ်းမိုးမှုရှိခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထွက်ခဲ့သည့် မက်ဆီ၏ လျှို့ဝှက်ချက်များဆိုသည့် ဂျာနယ်လစ်များ ရေးသားသောအတ္တုပတ္တိစာအုပ်တွင် မက်ဆီမှာ ဘာစီလိုနာ၏ အရှင်သခင်တစ်ဦးအဖြစ် သြဇာအာဏာ ကြီးမားခဲ့ကြောင်းရေးသားဖော်ပြထားသည်။

အီဘရာဟီမိုဗစ်ခ်ျမှာ ၂၀၀၉ခုနှစ်တွင် ဘာစီလိုနာသို့ ရောက်ရှိလာခဲ့ပြီး
ခြေစွမ်းပြနိုင်ခဲ့ကာ ၎င်းကြောင့် ဘာစီလိုနာတွင် မိမိ၏အခန်းကဏ္ဍ
မှေးမှိန်သွားမည်ကို စိုးရိမ်ခဲ့ခြင်းမှာ မက်ဆီ၏ လျှို့ဝှက်ချက်တစ်ခုဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် မက်ဆီမှာ (၂၀၀၉)ခုနှစ်အတွင်း ကစားခဲ့သည့် လာလီဂါပွဲစဉ် တစ်ပွဲအပြီး နည်းပြ ဂွာဒီယိုလာထံ ဖုန်းမက်ဆေ့ခ်ျ ပေးပို့ခဲ့ပြီး အဆိုပါ မက်ဆေ့တွင် အီဘရာဟီမိုဗစ်ခ်ျကို ဘာစီလိုနာ၏ အဓိက ကစားသမားအဖြစ် ထပ်မမြင်လိုတော့ကြောင်း ရေးသားဖော်ပြထားသည်။

ထို့အပြင် အီဘရာဟီမိုဗစ်ခ်ျကလည်း ဘာစီလိုနာမှ ထွက်ခွာခဲ့ပြီးနောက် စီအန်အန်နှင့် အင်တာဗျူးတစ်ခုတွင် ယခုကဲ့သို့ ဖွင့်ဟခဲ့ဖူးသည်။ “အစပိုင်းတုန်းကတော့ ဘာစီလိုနာမှာ ကျွန်တော် အဆင်ပြေပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ မက်ဆီက ကျွန်တော့်အကြောင်း ပြောလာခဲ့ပြီး (၄-၃-၃)ပုံစံကနေ (၄-၅-၁)ပုံစံ ပြောင်းခဲ့ရတာလည်း သူ့ကြောင့်ပါပဲ”ဟု မက်ဆီက ဆိုသည်။
yoyarlay.
ဇော်ထွန်း(ရိုးရာလေး)
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map