<div style='background-color: none transparent;'></div>

Home » » မြောက်ဥက္ကလာပရှိကချင်မိဘမဲ့ကလေးတွေဆီကပြန်ရတဲ့ပီတိ

မြောက်ဥက္ကလာပရှိကချင်မိဘမဲ့ကလေးတွေဆီကပြန်ရတဲ့ပီတိ


Wednesday, September 11, 2013

ပေးသူဟာပြန်ရတက်သလို မေတ္တာဟာအသွားအပြန်
ရှိတယ်ဆိုသလိုပါပဲကြည်နူးစရာမို့ မျှဝေလိုပါတယ်။
“ဒီညနေ မြောက်ဥက္ကလာပမှာရှိတဲ့ ကချင်မိဘမဲ့ကလေးတွေ
ဆီကို သွားပြီး ကျမရဲ့မတ်ဖြစ်သူ ဂျာမန်အမျိုးသားကြီးက
သူ့မွေးနေ့ အထိမ်းအမှတ် ကြက်ကြော်နဲ့ခေါက်ဆွဲကြော်
ကျွေးချင်တယ် ဆိုလို့ ကျမစီစဉ်ပေးလိုက်တဲ့ အိုးထဲကဆယ်ခါစ
ကြက်ကြော် ပူပူနွေးနွေးတွေ ကိုမြင်လိုက်တာနဲ့ အငယ်ဆုံး
ကလေးလေး က ပျော်လွန်းလို့ သံစဉ်လေးနဲ့ ကြက်ကြော် . .
ကြက်ကြော် ဆိုပြီး ထအော်တာမို့ ကျမက ကြက်ကြော်စားချင်
ရင်ပြုံးထား ...လို့ ဆိုလိုက်တာနဲ့ အားလုံးပြုံးနေလိုက်ကြတာ ကြည့်ပါအုန်းနော်.. ချစ်စရာလေးတွေ...
တစ်ဆက်တည်းမှာပဲ ဘုရားရှင်က တကယ်ကောင်းမြတ်ပါ
တယ်တဲ့.. ဒီညနေ သူတို့ရဲ့ညနေစာက ပဲသီးပဲကြော်စားရမှာ
ဒီလို စားကောင်းသောက်ဖွယ်တွေ ရောက်လာလို့ ဘုရားသခင် ရဲ့ကျေးဇူးတော်ပါပဲ ဆိုတဲ့နောက်ဆက်တွဲ စကားလေးကြောင့် အလှူရှင်ရဲ့ပီတိက ဆထက်တံပိုးတိုးသွားပြီး ကြိုတင်ယူလာတဲ့
အလှူငွေ ကျပ် တစ်သိန်း အပြင် တစ်ယောက်ကို မုန့်ဖိုးတစ်ထောင်စီ ပါ ပေးခဲ့တဲ့မြင်ကွင်းက ဘယ်လောက်များပျော်ဖို့ ကောင်းလိုက် သ
လဲနော်.. စီစဉ်ပေးခဲ့တဲ့ ကျမတောင် ဒီလောက် ပီတိဖြစ်ရရင် အလှူရှင်ကတော့ ဆိုဖွယ်ရာမရှိပြီပဲပေါ့..အပြန် လမ်းတစ်လျှောက်
လုံး ပြုံးဖြီးဖြီးကြီးကို ဖြစ်နေတော့တာပါပဲ...”လို့ နိုင်ငံကျော်
အဆိုတော်(ဒေါ်)အယ်ခွန်းရီကသူ့ ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ
ယမန်နေ့ ကကြည်နူးဖွယ်ဆိုထားပါတယ်။

credit-Lazum Hkawn Yi
Popular Journal

အေးချမ်းမွန်...............မှ

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map