<div style='background-color: none transparent;'></div>

Home » » ကျောက်တုံးတွေ ကြားထဲကမြို့

ကျောက်တုံးတွေ ကြားထဲကမြို့


 
Updated about an hour ago
ခရီးသွားရတာကို လူတိုင်း နှစ်သက်ကြပါ တယ်။ ကိုယ့်ရဲ့အားလပ်ရက်လေးတွေကို ခရီးသွားပြီး အပန်း ဖြေရတာကို သဘောမကျတဲ့သူဆိုတာလည်း မရှိပါဘူး။ အထူးသဖြင့် ကိုယ်မရောက်ဖူးတဲ့နေရာဒေသ တစ်ခုကို သွားရမယ်ဆိုရင် စိတ်လှုပ်ရှားရင်ခုန် တတ်ကြတာပဲလေ။ ကိုယ်ရောက်တဲ့နေရာက စိတ်ဝင် စားဖို့ အရမ်းကောင်းနေပြန်ရင် အိမ်ပြန်ဖို့
မေ့သွားတတ် ပြန်ရော။ ခရီးသွားရတာ ဝါသနာပါတဲ့ ပရိသတ်ကြီး အတွက် မြို့တစ်မြို့၊ ထူးခြားတဲ့ မြို့လေးကို ခေါ်သွားမယ်နော်။

ဒီနေရာကတော့ စပိန်နိုင်ငံ၊ Cádiz ပြည်နယ် မှာရှိတဲ့ Setenil de las Bodegas ဆိုတဲ့မြို့ပဲဖြစ်ပါတယ်။ ဒီမြို့က ဘယ်လိုထူးခြားသလဲဆိုရင် မြို့ရဲ့
ပတ်လည်ကကျောက်တန်းတွေဖြစ်ပြီး၊ အဲဒီ့ ကျောက် တောင်တွေကြားထဲမှာ အိမ်ဆောက်ပြီးနေထိုင်ကြ တာဖြစ်ပါတယ်။ ဒီမြို့ရဲ့လမ်းတွေမှာ လျှောက်သွားနေ ကြတဲ့သူတွေ၊
လည်ပတ်နေကြတဲ့သူတွေဟာ အပေါ် ကို အမှတ်မထင်မော့ကြည့်မိလိုက်ရင် သူတို့ရဲ့ခေါင်း ပေါ်မှာ မိုးနေတဲ့ကျောက်ဆောင်တွေကို တွေ့ မြင်ရပါ တယ်။ ဒီလိုအခြင်းအရာဟာ မြို့နေလူထုအတွက် မထူးဆန်းပေမယ့် တခြားနေရာတစ်ခုကလာတဲ့သူ အတွက်တော့ ရုတ်တရက်ဆိုရင် စိတ်လှုပ်ရှားပြီး ထိတ် လန့်မှုကိုခံစားရနိုင်ပါတယ်။ ငါဘယ်ရောက်နေတာ လဲဆိုပြီးတော့ပေါ့။

ဒီမြို့တည်ရှိတဲ့နေရာကတော့ Cádiz ပြည်နယ် ရဲ့အရှေ့မြောက်၁၅၈ ကီလိုမီတာ အကွာမှာ တည်ရှိပါ တယ်။ ကျည်းမြောင်းတဲ့ တောင်ကြားတစ် လျှောက်မှာ သဘာဝကျောက်ဂူတွေ၊
ကျောက်နံရံ တွေကြားထဲမှာပဲ အိမ်ဆောက်ပြီး နေထိုင်နေကြတာဆိုတဲ့ တစ်ချက် တည်းနဲ့တင် ကမ္ဘာလှည့်ခရီးသွား တွေကိုဖမ်းစားထား တာပါ။ သဘာဝကျောက်ဆောင် တွေကို
အိမ်အမိုးအဖြစ်၊ သဘာဝကျောက်ဂူတွေကို မွမ်းမံတည်ဆောက်ပြီးတော့ နေထိုင်ကြလာရာကနေ မြို့လေးဟာ ကျယ်ပြန့်လာခဲ့ တယ်။ ၂ဝဝ၅ ခုနှစ်၊သန်းခေါင်စာရင်းစစ်တမ်းအရ
ဒီမြို့လူဦးရေဟာ ၃ဝ၁၆ ပဲရှိပါတယ်။ ကျောက်တုံး၊ ကျောက်ဆောင်တွေ ကြားထဲမှာပဲ ဗိသုကာပညာရှင် တွေနဲ့တိုင်ပင်ပြီး ထူးခြားအောင် ဆောက်လုပ်နေထိုင် ကြတာပါ။

Setenil မြို့လေးဟာ အလယ်ခေတ်တုန်းက စတင်ခဲ့တယ်လို့ ထင်ခဲ့ရဖွယ်ရှိပါတယ်။ အလယ်ခေတ်က တည်ဆောက်ခဲ့တဲ့ ခံတပ်(14th-15th Centuries) ကို လည်းရှေးဟောင်းအမွေအနှစ်အဖြစ် ကောင်းကောင်း မွန်မွန် ထိန်းသိမ်းခဲ့ကြပါတယ်။ ဒီနေရာကို ၁ရာစု(1st Century AD) တုန်းက ရောမလူမျိုးတွေနေထိုင်ခဲ့ကြတယ်လို့လည်း ထင်ရ
ဖွယ်ရှိပါသေးတယ်။ ရောမမြို့ Laccipo ဟာ Malaga ရှိတဲ့ Casaresရဲ့ မြို့တစ်မြို့ဖြစ်ခဲ့တယ်ဆိုတာကို သက်သေပြုခြင်းခံခဲ့ရပြီးတဲ့ Setenil ဟာ အောင်မြင် သူတွေရဲ့
ယုံကြည်ရာတစ်ခုဖြစ်ခြင်းကိုခံခဲ့ရတာပါ။

တခြားအထောက်အထားတွေအရ ကျပြန် တော့ ဒီနေရာတစ်ဝိုက်မှာနေထိုင်တဲ့ ဂူနေလူ့အဖွဲ့အစည်း၊ Ronda ရဲ့ အနောက်မှာရှိတဲ့ Cueva de la pileta မှာနေထိုင်ခဲ့တဲ့ဒေသတွေဟာ နှစ်ပေါင်း ၂၅ဝဝဝ ကျော်တယ်လို့ထင်ရ တာကို ခြေရာခံပြန်ကြည့်လိုက်မယ်ဆိုရင် Setenil ဟာဒီထက်အများကြီး စောစော ကတည်းက နေထိုင်ခြင်းခံခဲ့ရတယ်ဆိုတာ ဖြစ်နိုင်ပါ တယ်။

ဒါပေမဲ့လည်း မျိုးဆက်တစ်ခုကနေတစ်ခု ပြောင်းပြီး အဆက်မပြတ်နေထိုင်ခဲ့ကြတဲ့အတွက် တိကျ အောင်ပြောနိုင်ဖို့အထောက်အထား တော်တော်များများ ကတော့ပျောက်ပျက်ခဲ့ကြကုန်ပါပြီ။

Setenil de las Boddegas ဆိုတဲ့ နာမည် အပြည့်အစုံကိုတော့ ခရစ်ယာန်ဘာသာ ကိုးကွယ်ပြီး အခြေချနေထိုင်သူအသစ်တွေ ဝင်ရောက်လာတဲ့၁၅ ရာစုလောက်ကမှ မှည့်ခေါ်ခဲ့တာပါ။
အာရပ်သံလွင် ပင်တွေ၊ ဗာဒံပင်အုပ်နဲ့စပျစ်ခြံတွေကိုလည်း ထိန်းသိမ်း စိုက်ပျိုးခဲ့ကြတယ်။ Setenil ကနေပြီးတော့ အသား ထုတ်ကုန်၊ ဝက်အူချောင်း၊ အသားချောင်းတွေ ထုတ် လုပ်မှုကလည်း ကျော်ကြားပါတယ်။

မုန့်လုပ်ရာမှာ အသုံးပြုတဲ့ မုန့်ညက်တွေကိုလည်း ထုတ်လုပ်ပါ တယ်။ဘားနဲ့ စားသောက်ဆိုင် တွေ ကလည်း ရှိပြီးကျောက် တုံးတွေကြား ထဲမှာ တည်ဆောက် ထားတဲ့ အတွက် ထိုင်ရတာ တစ်မျိုး ထူးခြားနေမှာပါ။ Setenil ရဲ့ အစွန်အဖျားမှာ တည်ရှိတဲ့ လယ်မြေ၊ ယာခင်းတွေ က ထွက်ရှိတဲ့ ဟင်းသီး ဟင်းးရွက်နဲ့ သီးနှံတွေ ကလည်း Ronda မြို့ကို တင်မကဘဲ တခြားမြို့ တွေကိုပါ ထောက်ပံ့ ပေးနိုင်တဲ့ အထိ ထွက်ရှိကြပါတယ်။ ကဲ သင်ရော ဒီိလို ကျောက်တုံးတွေ ကြားထဲမှာ အိမ်ဆောက် ပြီး နေနိုင် ပါ့မလား။ ဒီလိုနေကြတဲ့ စပိန်နိုင်ငံ မြို့ငယ်လေး က ကမ္ဘာလှည့် ခရီးသွားတွေကို ညှို့ယူ နေတဲ့ ထူးခြားတဲ့ ဗိသုကာ ပညာရပ် တစ်ခုပါပဲလေ။

Golden Land Myanmar.................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map