<div style='background-color: none transparent;'></div>

Home » » ယူနိုက်တတ်အတွက် ပြိုင်ပွဲဝင်ရန်အသင့်ဖြစ်နေပြီဆိုတဲ့ အန်ဒါဆန်။

ယူနိုက်တတ်အတွက် ပြိုင်ပွဲဝင်ရန်အသင့်ဖြစ်နေပြီဆိုတဲ့ အန်ဒါဆန်။


ယူနိုက်တတ် အလယ်တန်း ကစားသမား အန်ဒါဆန် တစ်ယောက် ဒေးဗစ်
မိုယက်စ်၏ ၁၁ ယောက် လူစာရင်းတွင် ပြန်လည်ပါဝင်လာတော့မယ်လို့ 
သိရပါတယ်။ အဆိုပါ ကစားသမားဟာ ယူနိုက်တတ် ရဲ့  အာရှခရီးစဉ်တွင်
ပါဝင်နိုင်ခဲ့သော်လည်း ဒါဏ်ရာကြောင့် အနားယူနေရသူဖြစ်ပါတယ်။

အဆိုပါ ဘရားဇီးနွယ်ဖွား ကစားသမားဟာ ဆွမ်ဆီး အသင်းနှင့်
ပရီးမီးယားလိဂ် ပွဲစဉ်တွင်ပါဝင်နိုင်ခဲ့သော်လည်း  ဒါဏ်ရာပြဿနာကြောင့်
ယူနိုက်တတ် ရဲ့  ပွဲစဉ် ၂ ပွဲကို လွဲချော်ခဲ့ရသူပါ။  ယခုအချိန်မှာ အဆိုပါ
အသက် ၂၅ နှစ်အရွယ် ကစားသမား ဟာ ဆို၇င် ခရစ္စတယ်ပဲလေစ့်
အသင်းကို လက်ခံယှဉ်ပြိုင်မယ့် စနေ နေ့ ည ပွဲစဉ်မှာ ပြန်လည်ပါဝင်
လာဖွယ်ရှိနေပါတယ်။

ယူနိုက်တတ် ရဲ့ အင်တာဗျူးအစီအစဉ်တွင်ပြောကြား
ခဲ့သည်ကတော့ " ကျွန်တော်ဟာ ဒါဏ်ရာပြဿနာ ရှင်းရှင်း နဲ့
ယူနိုက်တတ် နှင့် အတူ ပွဲစဉ်များစွာ ကစားလိုပါတယ်။ အခုအချိန်မှာ
လေ့ကျင့်ရေးကွင်းအတွင်း ပြင်းပြင်းထန်ထန် လေ့ကျင့်နေပြီး ကျွန်တော့်
ရဲ့  ဒါဏ်ရာတွေဟာလည်း အလွန်သက်သာသလောက်ရှိနေပါပြီ။
မန်နေဂျာ အနေနဲ့  သူအလိုရှိသလိုမျိုး ကျွန်တော့်ကို ကစားကွက်အတွင်း
ထည့်သွင်းအသုံးပြုဖို့ အတွက်ကျွန်တော် အသင့်ဖြစ်နေပါပြီ" လို့ 
ဆိုပါတယ်။

ဘာပဲ ဖြစ်ဖြစ် ယူနိုက်တတ် အတွက်တော့ ဒီသတင်းဟာ သတင်း
ကောင်းတစ်ခုပါပဲ။ သူ့ ကစားပုံကို ကျွန်တော် နှစ်သက်ပါတယ်။ သူဟာ
ထိပ်တန်း ကွင်းလယ် ကစားသမား မဟုတ်တောင် ကစားကွက် ဖန်တီး
တဲ့နေရာမှာ အလွန်ကောင်းမွန် ပြည့်စုံတဲ့ ကစားသမားဆိုတာ ယူနိုက်တတ်
ပရိတ်သတ်တိုင်း သိရှိပါလိမ့်မယ်။ အခြေအနေအမျိုးမျိုးကြောင့် သူ့ 
အနေနဲ့ ဒါဏ်ရာ ပြဿနာများစွာ ကြုံတွေ့ နေရတာပါ။ အဆိုးဆုံးကတော့
သူ့ ရဲ့ ဒူးဒါဏ်ရာပါပဲ။ ဒီဒါဏ်ရာဟာသူ့ ကို ယူနိုက်တတ် ရဲ့  ပွဲစဉ်တော်
တော်များများကို လွဲချော်စေခဲ့တယ် ဆိုရင် မမှားပါဘူး။

About manutd-myanmar.com
အချိန်နဲ့ တပြေးညီ မန်ယူသတင်းတွေကို တင်ပေးနေမယ်။ လိုရင်းတိုရှင်း နဲ့ မှန်မှန်ကန်ကန်ရေးမယ်။ ဘာသာပြန်တာနဲ့ ပတ်သတ်ပြီး အမှား ရှိရင် ထောက်ပြခဲ့နိုင်ပါတယ်။ လိုအပ်ချက်များကို အမြဲ ပြင်ဆင်လျှက် သတင်းဖတ်ရှုပြီးသွားပါက Facebook ကွန်မန့် များ ထားခဲ့နိုင်ပါတယ်။ကျွန်တော်တို့ Website အတွင်း ၀င်ရောက်ဖတ်ရှု အားပေးမှုအား အထူးပင်ကျေးဇူးတင်ရှိပါသည်။


မန်ယူဖန်များအတွက်သီးသန့်နေရာ...............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map