<div style='background-color: none transparent;'></div>

Home » » ယူအက်စ်အိုးပင်း ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်ကို နာဒယ် ထပ်မံအနိုင်ရ

ယူအက်စ်အိုးပင်း ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်ကို နာဒယ် ထပ်မံအနိုင်ရ



ယခုနှစ်အတွင်း နောက်ဆုံးဂရင်းပြိုင်ပွဲဖြစ်တဲ့ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသားဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့်(၂)
တင်းနစ်သမား ရာဖေးလ်နာဒယ်က ကမ္ဘာ့အဆင့်(၁) ဆားဘီးယား တင်းနစ်သမား ဂျိုကိုဗစ်ကို ၆-၂၊ ၃-၆၊ ၆-၄၊ ၆-၁ နဲ့ အနိုင်ယူပြီး ဒုတိယအကြိမ်မြောက် ယူအက်စ်အိုးပင်းချန်ပီယံအဖြစ် အောင်ပွဲခံ
သွားနိုင်ခဲ့ပါတယ်။ နာဒယ်နဲ့ ဂျိုကိုဗစ်တို့ဟာ ၂၀၁၀ခုနှစ် ယူအက်စ်အိုးပင်း ဗိုလ်လုပွဲမှာလည်း တွေ့ဆုံခဲ့ပြီး အဲဒီပွဲမှာလည်း နာဒယ်ကပဲ အနိုင်ရခဲ့တာပါ။

ဂျိုကိုဗစ်ဟာ ဆီမီးဖိုင်နယ်မှာကတည်းကဝေါ်ရင်ကာကို ခက်ခက်ခဲခဲ ကစားခဲ့ရသလို နာဒယ်ကလည်း ဂျိုကိုဗစ်နဲ့တွေ့ဆုံတဲ့ (၃၆)ပွဲမှာ ၂၁ပွဲနိုင်၊ ၁၅ပွဲ ရှုံးခဲ့တာကြောင့် ဗိုလ်လုပွဲမှာ နာဒယ် အသာရမယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိခဲ့ပြီး ထင်မှတ်ထားတဲ့အတိုင်း ဖြစ်ခဲ့တဲ့ပွဲလို့လည်း ဆိုနိုင်ပါတယ်။ အခုပွဲမှာ အနိုင်ရခဲ့တာကြောင့် နာဒယ်ဟာ (၁၃)ကြိမ်မြောက် ဂရင်းစလင်း ချန်ပီယံဖြစ်လာခဲ့ပြီး မြက်ခင်းကွင်းတွေမှာ ၂၂ပွဲဆက် အနိုင်ရခဲ့တဲ့ မှတ်တမ်းကောင်း တစ်ခုလည်း ပိုင်ဆိုင်သွားခဲ့သလို အခုနှစ်အကုန်မှာလည်း ကမ္ဘာ့အဆင့်(၁) တင်းနစ်သမား ဖြစ်လာဖို့ ရှိနေပါတယ်။


ဇော်ထွန်း(ရိုးရာလေး)........မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map