<div style='background-color: none transparent;'></div>

Home » » စင်ကာပူကို အနိုင်ယူပြီး မြန်မာတို့ မာဒေးကားဖလား ဗိုလ်လုပွဲသို့တက်ရောက်

စင်ကာပူကို အနိုင်ယူပြီး မြန်မာတို့ မာဒေးကားဖလား ဗိုလ်လုပွဲသို့တက်ရောက်



၂၀၁၃ မာဒေးကားဖိတ်ခေါ်ဖလား အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်များကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ရက်နေ့ ည ၇နာရီ၁၅မိနစ်(မြန်မာစံတော်ချိန်)
တွင် တစ်ပြိုင်တည်းကစားခဲ့ရာတွင် အိမ်ရှင်မလေးရှားအသင်းနှင့် မြန်မာအ
သင်းတို့ နိုင်ပွဲကိုယ်စီရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရှိ ရသည်။

အိမ်ရှင်မလေးရှားအသင်းနှင့် ထိုင်းအသင်းတို့၏ ပွဲစဉ်ကို Darul Makmur အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာတွင် ပွဲချိန် ၁၁မိနစ်တွင် Nasir ၊ ပွဲချိန် ၂၇မိနစ်နှင့် ၈၀မိနစ်တွင် Rozaimi တို့သွင်းယူပေးခဲ့သည့် သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ Temerloh Miniကွင်း၌ယှဉ်ပြိုင်ခဲ့သည့် မြန်မာ
အသင်းနှင့် စင်ကာပူအသင်းတို့ ပွဲစဉ်တွင် မြန်မာအသင်းမှာ ကျော်ကိုကို၊ စိုးကျော်ကျော်တို့ သွင်းဂိုးများဖြင့် နိုင်ပွဲ ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းတွင် အဓိက ကစားသမားများ ဒဏ်ရာနှင့် ပွဲပယ်ပြစ်ဒဏ်များ
ကြောင့် မပါဝင်သော်လည်း စင်ကာပူအသင်းကို ပွဲချိန်ပြည့် ဖိကစားနိုင်ခဲ့
ပြီး နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန်၁၄မိနစ်
တွင် ဒေးဗစ်ထန်းညာတောင်ပံမှ ဖြတ်တင်ပေးမှုမှတဆင့် ကျော်ကိုကိုခေါင်းတိုက်သွင်းယူနိုင်ခဲ့ခြင်းသည်။ မြန်မာအသင်းအတွက် ဒုတိယမြောက် အနိုင်ဂိုး
ကို ပွဲကစားချိန် ၉၀မိနစ်တွင် လူစားဝင် တိုက်စစ်မှူး စိုးကျော်ကျော်က ဘယ်တောင်ပံမှ ဖြတ်တင်ပေးသည့်ဆက်ဖြိုးဝေ၏ ပေးပို့မှုကို ခေါင်းတိုက်
အဆုံးသတ်ကာ မြန်မာအသင်း ဗိုလ်လုပွဲတက်ရောက်ခွင့်ကို ပိုမိုသေချာ
စေခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၃အသင်းမှာ စက်တင်ဘာလ ၁၄ရက်နေ့
တွင် အိမ်ရှင်မလေးရှားအသင်းနှင့် ဗိုလ်လုပွဲ ကစားရမည်ဖြစ်သည်။

credit:Myawady

Bell Bagan...............မှ


Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map