<div style='background-color: none transparent;'></div>

Home » » မုံရွာအကျဉ်ထောင်၌ (၁၃)ရက်ကြာ အစာအငတ်ခံ ဆန္ဒပြနေသူ ဒေါ်နော်အုန်းလှအား သက်ဆိုင်ရာမှ ထောင်ပြောင်းရွေ့

မုံရွာအကျဉ်ထောင်၌ (၁၃)ရက်ကြာ အစာအငတ်ခံ ဆန္ဒပြနေသူ ဒေါ်နော်အုန်းလှအား သက်ဆိုင်ရာမှ ထောင်ပြောင်းရွေ့



မုံရွာ၊   စက်တင်ဘာ ၁၂ရက်၊ ကြာသာပတေးနေ့ ၀၄ နာရီ ၅၅ မိနစ်

ပြီးခဲ့သည့်လ ၂၉ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က ပုဒ်မ ၅၀၅(ခ)အမှုဖြင့် မုံရွာမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် (၂) နှစ် ပြစ်ဒဏ် ကျခံစေရန် အမိန့်ချမှတ်ခြင်း ခံထားရသူ ဒေါ်နော်အုန်းလှသည် ထိုနေ့ ညနေ ၅ နာရီအချိန်မှ စတင်၍ မုံရွာအကျဉ်း ထောင်အတွင်း၌ အစာအငတ်ခံ ဆန္ဒပြလျက်ရှိခဲ့ရာ ၁၃ ရက်ပြည့်သည့် ယနေ့ညနေ ၄ နာရီ ၅၅ မိနစ်အချိန်ခန့် က မန္တလေး အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ပြီး ဖြစ်ကြောင်း မုံရွာ အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရှိ ရသည်။

ထိုသတင်းရပ်ကွက်မှ အစာအငတ်ခံ ဆန္ဒပြနေသူ ဒေါ်နော်အုန်းလှသည် အစာအငတ်ခံ ဆန္ဒစတင်ပြသည့် အချိန်ခန့်က သက်ဆိုင်ရာ ထောင်ဆရာဝန်၏ ကျန်းမာရေး စစ်ဆေး ဆောင်ရွက်ချက်များအရ ထိုသူ၏ ကိုယ်အလေး အချိန်မှာ (၁၈၆)ပေါင် ခန့်ရှိခဲ့သော်လည်း ယနေ့မနက် ၀၆ နာရီ အချိန် ကျန်းမာရေး စစ်ဆေးချက်များအရ ကိုယ်အလေးအချိန်မှာ (၁၇၄)ပေါင်ခန့် သာရှိတော့ကြောင်း သိရှိရသည်ဟု ဆိုသည်။

ထိုသူ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်အား အနီးကပ် စောင့်ကြည့်နိုင်ရန် အတွက် မန္တလေး အကျဉ်းဦးစီးဌာနရှိ ဒေါက်တာ ဦးမျိုးမင်း ဆိုသူမှ တာဝန်ယူ စောင့်ရှောက်နေရသည်ဟု သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ပြည်သူကို ညှင်ပန်းနှိပ်စက် သောရဲများအား အရေးယူပေးရေး စသည့်တောင်ဆိုးချက် သုံးချက်အား တောင်းဆို ဆန္ဒပြရန်အတွက် မုံရွာမြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးသို့ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်ခွင့်
တင်ပြလျှောက်ထားခဲ့သည်။

ထိုတင်ပြလျှောက်ထား ချက်အား ခွင့်ပြုမိန့် မရရှိခဲ့ သည့်အတွက် အထက်ရုံး၌ ဆက်လက်၍ အယူခံတင်ပြလျှောက်ထားခြင်းမရှိဘဲ ၎င်း၏သဘောဆန္ဒ အလျောက် စီတန်းလမ်း လျှောက်ခဲ့ရာမှ ယင်းကဲသို့
ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်စွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ (၁၈)အရ ဖမ်းဆီးခံခဲ့ရပြီးနောက် မုံရွာမြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူး ဦးညွှန့်စိုး၏ တရားလိုပြုလုပ်တိုင်တန်းချက်များအရ မုံရွာအမှတ်(၁)
ရဲစခန်းရှိ ရဲစခန်းမှတ်ပုံတင် (၂၅)၊ အမှတ်စဉ် (၁၀/ ၂၀၁၃)၊ ပြစ်မှု ပုဒ်မ ၅၀၅(ခ) အရ ဒေါ်နော်အုန်းလှ ဆိုသူအား မုံရွာမြို့နယ်တရားရုံးသို့ တရားစွဲခဲ့ရာ တရားရုံးမှ ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၉၅၅၃/ ၂၀၁၃ အရ တရားခွင်၌ ကြားနာစစ်ဆေးခဲ့ပြီးနောက် မြို့နယ်တရားသူကြီး ဦးခင်မောင်ဝင်းမှ ဒေါ်နော်အုန်းလှအား အလုပ်နှင့် ထောင်ဒဏ် (၂)နှစ်ကျခံစေရန် အမိန့်ဒီဂရီချမှတ်ခဲ့ ကြောင်းသိရသည်။

ထို့နောက် ဒေါ်နော်အုန်းလှအား မုံရွာမြို့နယ် တရားရုံးဝန်းအတွင်းရှိ အချုပ်ခန်းမှ မုံရွာ အကျဉ်ထောင်သို့ သက်ဆိုင်ရာ အာ ဏာပိုင်များမှ ဆက်လက်ပို့ဆောင်ခဲ့ရာ ထောင်မှူး ဦးအေးသာထွန်း ဆိုသူမှ ထောင်ဝင်အမှတ် မရ / ၁၃/ ၀၀၆၇၀/(က) အရ လက္ခံခဲ့သည်ဟု သိရသည်။

ထိုနေ့ညနေ ၅ နာရီအချိန်မှ စတင်၍ ဒေါ်နော်အုန်းလှသည် မုံရွာ အကျဉ်းထောင်အတွင်း၌ အစာအငတ်ခံဆန္ဒပြနေခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထို့ကြောင့် မန္တလေး အကျဉ်းဦးစီးဌာနရှိ ထောင်ဆရာဝန် ဒေါက်တာ ဦးမျိုးမင်း ဆိုသူမှ ဒေါ်နော် အုန်းလှ၏ ကျန်းမာရေး အခြေ နေအား မျက်ခြေမပြတ် စောင့်ကြည့် ပေးနေရကြောင်း သတင်းများ ထွက်ပေါ်လာချက်များအရ သိရသည်။

ယခုအခါ ဒေါ်နော်အုန်းလှသည် အစာအငတ်ခံ၍ ရက်ရှည်ဆန္ဒပြနေသော်လည်း ၎င်း၏ ကျန်းမာအခြေအနေမှာ စိုးရိမ်ဖွယ်ရာ မရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များထံမှ သိရှိရသည်။

ဒေါ်နော်အုန်းလှ၏ ဥပဒေအကျိုးဆောင် တရားလွှတ်တော်ရှေ့နေကြီး ရောဘတ်ဆန်းအောင် ဆိုသူမှ “ ပန်ဘဲတန်း တရားရုံးနဲ့ ကျောက်တံတားတရားရုံးမှာ သူ့ရဲ့အမှုတွေကို ကြားနာစရာ ရှိနေပါသေးတယ်..” ဟုဆိုသည်။

သတင်း၊+ဓာတ်ပုံ =  ကိုစိုးမိုးထွန်း(မုံရွာ)

by Myanmar News Now

သစ်ထူးလွင်.................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map