<div style='background-color: none transparent;'></div>

Home » » အွန်လိုင်းပေါ်တွင် အန္တရာယ်အရှိဆုံး ဘောလိဝုဒ် သရုပ်ဆောင်အဖြစ် ပရီယန်ကာချိုပရာ သတ်မှတ်ခံရ

အွန်လိုင်းပေါ်တွင် အန္တရာယ်အရှိဆုံး ဘောလိဝုဒ် သရုပ်ဆောင်အဖြစ် ပရီယန်ကာချိုပရာ သတ်မှတ်ခံရ



ဘောလိဝုဒ် အမျိုးသမီး သရုပ်ဆောင် ပရီယန်ကာချိုပရာဟာ ယခုနှစ်အတွက် အွန်လိုင်းပေါ်မှာ အန္တရာယ်အရှိဆုံး ဘောလိဝုဒ် သရုပ်ဆောင်အဖြစ် သတ်...မှတ်ခံခဲ့ရတယ်လို့ timesofindia.com မှာ ဖော်ပြထားပါတယ်။

အင်တာနက် လုံခြုံရေးကုမ္ပဏီ တစ်ခုဖြစ်တဲ့ McAfee ကုမ္ပဏီက ပြုလုပ်တဲ့ လေ့လာမှု တစ်ရပ်အရ ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှ အင်တာနက် သုံးစွဲသူတွေကို ပစ်မှတ်ထား လိမ်ညာမှုတွေထဲမှာ ပရီယန်ကာချိုပရာရဲ့ နာမည်ကို အသုံးချပြီး ပြုလုပ်တဲ့ လိမ်ညာမှုတွေဟာ အများဆုံး ဖြစ်တယ်လို့ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ပရီယန်ကာချိုပရာရဲ့နောက်မှာတော့ ရှရွတ်ခန်းနဲ့ ဆယ်လ်မန်ခန်းတို့က ဒုတိယနေရာနဲ့ တတိယနေရာမှာ ရပ်တည်နေပြီး ယမန်နှစ်က အွန်လိုင်းပေါ်မှာ အန္တရာယ်အရှိဆုံး ဘောလိဝုဒ် သရုပ်ဆောင်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဆန်နီလီယွန်ကတော့ နံပါတ် ၉ နေရာကို ရောက်ရှိ သွားတာ တွေ့ရပါတယ်။
“အနုပညာရှင်တွေကို သူရဲကောင်းအဖြစ် ကိုးကွယ်တတ်တဲ့ အိန္ဒိယလို နိုင်ငံမျိုးမှာ ဆိုက်ဘာ လိမ်လည်မှု ကျူးလွန်သူတွေဟာ နာမည်ကျော် အနုပညာရှင်တွေရဲ့ နာမည်နဲ့ ဖြားယောင်းပြီး အင်တာနက် အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ခိုးယူတတ်ပါတယ်” လို့ McAfee အင်တာနက် လုံခြုံရေး ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ယခုတစ်နှစ်တာအတွင်း အွန်လိုင်းပေါ်မှာ ချိုပရာရဲ့ နာမည်ကို အသုံးပြုပြီး လိမ်လည်မှု ပြုထားတဲ့ အင်တာနက် စာမျက်နှာပေါင်း ၇၉ ခုရှိခဲ့ပြီး ရှရွတ်ခန်းရဲ့ နာမည်နဲ့ လိမ်လည်ထားတာကတော့ ၇၅ ခုရှိကာ ဆယ်လ်မန်ခန်း နာမည်နဲ့ကတော့ ၆၈ ခု ရှိခဲ့ပါတယ်။

ယခုနှစ်အတွက် အွန်လိုင်းပေါ်မှာ အန္တရာယ်အရှိဆုံး ဘောလိဝုဒ် အနုပညာရှင် ၁၀ ဦးကတော့ ပရီယန်ကာချိုပရာ၊ ရှရွတ်ခန်း၊ ဆယ်လ်မန်ခန်း၊ ကရီနာကပူးရ်၊ အက်ခ်ရှေကူးမား၊ ရှိတ်ဖ်အလီခန်း၊ အမီတာဘတ်ချန်း၊ ဖာဟန်အက်ခ်တာ၊ ဆန်နီလီယွန်၊ ဟာရီသစ်ခ်ရိုရှန်တို့ပဲ ဖြစ်ပါတယ်။

The Voice Weekly
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map