<div style='background-color: none transparent;'></div>

Home » » အမေရိကန်၏ စစ်ရေးအရ တိုက်ခိုက် လာနိုင်မှုများကို တားဆီးပေးရန် ကုလသမဂ္ဂသို့ ဆီးရီးယား ပန်ကြား

အမေရိကန်၏ စစ်ရေးအရ တိုက်ခိုက် လာနိုင်မှုများကို တားဆီးပေးရန် ကုလသမဂ္ဂသို့ ဆီးရီးယား ပန်ကြား



ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယား သံအမတ် Bardar Jaafari သည် ဆီးရီးယားနိုင်ငံ အပေါ် အမေရိကန်နှင့် အခြားအင်အားကြီး နိုင်ငံများ၏ မည်ကဲ့သို့သော တိုက်ခိုက်မှုမျိုးကိုမဆို တားဆီး ကာကွယ်ပေးရန် ပန်ကြားသည့် စာတစ်စောင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့ ပေးပို့ခဲ့ကြောင်း စက်တင်ဘာ ၃ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

၎င်းပန်ကြားစာတွင် ဆီးရီးယား အစိုးရအနေဖြင့် ဓာတုလက်နက်များ အသုံးပြု တိုက်ခိုက် ခဲ့သည် ဟူသော အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဂျွန်ကယ်ရီ၏ ပြောကြားမှု အပေါ် ပြစ်တင် ဝေဖန် ထားပြီး ၎င်းအနေဖြင့် အကြမ်းဖက် သမားများ၏ အင်တာနက် ပေါ်တွင် လုပ်ကြံဖန်တီးထားသည့် ဓာတ်ပုံများအပေါ် အခြေခံ၍ စွပ်စွဲပြောကြား မှု ပြုလုပ်နေကြောင်း ဖော်ပြ ထားသည် ဟုသိရသည်။

ထို့ကြောင့် ဘန်ကီမွန်း အနေဖြင့် ဆီးရီးယားနိုင်ငံအပေါ် ကျရောက်မည့် မည်သည့် အရေးယူ ဆောင်ရွက်မှုမျိုး ကို မဆို တားဆီးပေးရန်နှင့် နိုင်ငံရေး အရ ဖြေရှင်းနိုင်ရေး အတွက် တာဝန် ယူ ဆောင်ရွက်ပေးရန် Jaafari က တိုက်တွန်း ပြောကြားထားကြောင်း သိရသည်။ ထို့အပြင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေဖြင့် နိုင်ငံတကာ တရားရေးဆိုင်ရာ မူဘောင်ကို ကျော်လွန်၍ အင်အား အသုံးပြု ဆောင်ရွက်မှုများကို ကာကွယ်ဟန့်တားရန် ဟူသည့် ၎င်း၏ အခန်းကဏ္ဍကို ထိန်းသိမ်းဆောင်ရွက် သွားသင့်ကြောင်းလည်း ပန်ကြားစာတွင် ရေးသားဖော်ပြထားသည်ဟု သိရသည်။
 
 
မြ၀တီ.................မှ

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map