<div style='background-color: none transparent;'></div>

Home » » ဘေးလ် ပြေးအားကောင်းလာရန် အူစိန်ဘော့ ကူညီပေးမည်

ဘေးလ် ပြေးအားကောင်းလာရန် အူစိန်ဘော့ ကူညီပေးမည်



ဘေးလ် ပြေးအားကောင်းလာရန် အူစိန်ဘော့ ကူညီပေးမည်မီတာ (၁၀၀)နှင့် မီတာ(၂၀၀)ပြေးပွဲများတွင် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပြီး ကမ္ဘာ့အမြန်ဆုံး
လူသားအဖြစ် သတ်မှတ်ခံထားရသည့် အူစိန်ဘော့က ရီးရဲလ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကု ကမ္ဘာ့အမြန်ဆုံးလူသားဖြစ်လာစေရန် ကူညီပေးသွားလိုကြောင်း ဖွင့်ဟထားသည်။ ဘေးလ်မှာ ဗီလာရီးရဲလ်နှင့် (၂)ဂိုးစီ သရေကျခဲ့သောပွဲတွင် တစ်နာရီ(၂၅)မိုင်အထိ ပြေးနှုန်းရှိခဲ့ပြီး အူစိန်ဘော့၏ တစ်နာရီပြေးနှုန်းနှင့် (၂)မိုင်သာ ကွာဟလျက်ရှိသည်။

ယင်းအတွက်ကြောင့် အူစိန်ဘော့က ဘေးလ်ကို ကူညီလိုကြောင်း ပြောခဲ့ပြီး ၎င်းမှာ ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုကိုလည်း ကူညီပေးခဲ့ဖူးသူဖြစ်သည်။ အူစိန်ဘော့က “ဘေးလ်သာ ပြေးနှုန်းတက်လာဖို့ အကူအညီတောင်းမယ်ဆိုရင် ကျွန်တော် ကူညီပေးဖို့အသင့်ပါပဲ။ သူရဲ့ပြေးအားက ကျွန်တော့်နီးနီးရှိတယ်ဆိုတဲ့ သတင်းတွေ ကျွန်တော် ကြားရပါတယ်။ ဘယ်လောက်မြန်မြန် ပြေးနိုင်လဲဆိုတာက သိပ်အရေးမကြီးပါဘူး။ အရေးကြီးတာက နည်းစနစ် ပိုင်ပိုင်နိုင်နိုင်ရှိဖို့နဲ့ ဟန်ချက်ထိန်းနိုင်ဖို့ပါပဲ”ဟု ပြောခဲ့သည်။

ဇော်ထွန်း(ရိုးရာလေး)................မှ

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map