<div style='background-color: none transparent;'></div>

Home » » မန္တလေးမှာ ဒီလို ဖြစ်ရပ်တွေ များနေပြီ

မန္တလေးမှာ ဒီလို ဖြစ်ရပ်တွေ များနေပြီ



"အလုပ်ရှားကုန်ကြပြီထင်တယ် ဒီနေ့ နေ့လည် ကျွန်တော့်အဖေ စက်ရုံအပြန်
နောက်ကနေဆိုင်ကယ်တစ်စီး လူနှစ်ယောက်လိုက်လာတယ် ကားကိုအတင်း
ရပ်ခိုင်းတယ် အဖေလည်းဘာမသိညာမသိနဲ့ရပ်ပေးလိုက်တယ် အဲဒိအချိန်မှာလူတစ်ယောက်ကားပေါ်တက်လာပြီး နာနေတဲ့ပုံလုပ်ပြတယ် တစ်ယောက်က ကားရှေ့မှာဆိုင်ကယ်နဲ့ပိတ်ရပ်ထားတယ် သူတို့ကိုတိုက်သွားလို့တဲ့ အဖေလဲဘာမသိညာမသိနဲ့
လူမှုရေးအရနီးရာမိတ်ဆွေဆေးရုံ`အေးသုခ´မှာ ကုသပေးမယ်ပြောပေမယ့် သူတို့ပြနေကြဆေးခန်းပြမယ်ပေါ့ဗျာ ဒါနဲ့အဖေကလည်း သူတို့အဆင်ပြေရင်ပြီးရောပေါ့ဆိုပြီးဘယ်လိုလုပ်ပေးရမလဲမေးတော့ကိုယ်တော်တွေက (၁)သိန်းတောင်းတယ် တိုက်တယ်ဆိုတာလည်းသူတို့ပြောလို့သိတယ် ဘာအသံမှလည်းမကြားလိုက်ဘူး နာပြနေတာလဲငွေ (၁)သိန်းနဲ့မတန်ဘူး ဘာဒဏ်ရာမှလည်းမပေါ်ဘူး အဖေစိတ်နဲနဲခုသွားပြီး ဈေးစစ်တာပေါ့ (၈) သောင်းဖြစ်သွားတယ် နောက်အဖေကမပြောချင်တော့တာနဲ့ (၅)သောင်းယူချင်ယူမယူချင်ရင်ကြိုက်တာလုပ်ဆိုတော့
ယူပြီးပြုံးစိစိနဲ့ သူ့အလုပ်ပြီးသွားတယ် မဆိုးပါဘူးအချိန်(၁၀)မိနစ်လောက်နဲ့(၅)သောင်းရသွားပြီပေါ့ဗျာ အိမ်ပြန်ရောက် ကားကိုကြည့်တော့ဘာအစင်းရာမှတောင်မရှိဘူး လုပ်စားသွားတာ FB မိတ်ဆွေ တွေသိရအောင်လို့တင်လိုက်တာပါ ကျွန်တော်ကြားဖူးတာတော့ over60 တွေ အမျိုးသမီးတွေ ပိုအလုပ်ခံရတယ်ကြားဘူးတယ် ဒီတစ်ခါတော့ အဖေပါသွားပြီပေါ့ ကြုံလာခဲ့ရင်ဘယ်လိုဖြေရှင်းမယ်ဆိုတာ စဉ်းစားထားသင့်ပါတယ် ``လူအချင်းချင်း လိမ်လည်ခြင်း ကင်းရှင်းကြပါစေ´´"

News of Myanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map