<div style='background-color: none transparent;'></div>

Home » » လောကမှာ ကိစ္စသုံးမျိုးပဲရှိတယ်....

လောကမှာ ကိစ္စသုံးမျိုးပဲရှိတယ်....


(၁) ကိုယ့်ကိစ္စ
ဥပမာ- အလုပ်သွားမှာလား မသွားဘူးလား
စားမလား မစားဘူးလား၊ ပျော်ပျော်နေမလား မနေဘူးလား
တခြားလူကို ကူညီမလား မကူညီဘူးလား... စတဲ့ ကိုယ်ကိုယ်တိုင် ပြုလုပ် ဆုံးဖြတ်လို့ရတဲ့ကိစ္စ

(၂) သူတစ်ပါးကိစ္စ
ဥပမာ - သူကပါးစပ်ကသာပြောတတ်တာ လက်မလုပ်တတ်ဘူး
သူ့အိမ်ထောင်ရေးက မသာယာဘူး
သူက ငါ့ကိုမကျေနပ်၊ မနာလိုဖြစ်နေတာ
သူ့ကို ငါကူညီလိုက်တာ ကျေးဇူးတောင်အတင်မခံလိုက်ရဘူး.. စတဲ့ သူတစ်ပါးဘက်က လုပ်ဆောင်တဲ့ကိစ္စ

(၃) ကံကြမ္မာ (သို့) သဘာဝကိစ္စ
ဥပမာ- မိုးရွာမလား၊ ငလျင်လှုပ်မလား၊
ရာသီဥတုသာယာမလား၊ ထီပေါက်မလား... စတဲ့ လူရဲ့လုပ်နိုင်စွမ်းပြင်ပကကိစ္စ

လူတွေ စိတ်ရှုပ်စိတ်ညစ်၊ စိတ်တိုဒေါသထွက်၊ သောကရောက်ရတာက ကိုယ့်ကိစ္စကိုမေ့ပြီး သူတစ်ပါးကိစ္စကို အာရုံစိုက်အလေးထားလို့၊ စပ်စုလို့ ပြီးတော့
ကံကြမ္မာကို စိုးရိမ်ပူပန်လို့
.
နိုင်းနိုင်းစနေ...............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map