<div style='background-color: none transparent;'></div>

Home » » ဆွမ်ဆီး Vs မန်ယူ ပွဲကြိုသတင်း ---------------------------------

ဆွမ်ဆီး Vs မန်ယူ ပွဲကြိုသတင်း ---------------------------------





ယူနိုက်တက် မှ မိုက်ကယ် ကာရစ် (မျက်စိဒဏ်ရာ) ၊ရာဖေးလ် (ပွဲပယ်) နှင့် ဟာနန်ဒက် (ပေါင်ကြွက်သားဒဏ်ရာ) ကြောင့် ပါဝင်နိုင်မည် မဟုတ်ပေ။

ဆွမ်ဆီးမှ ပါဘလိုဟာနန်ဒက်ဇ် ( ပေါင်ခြံဒဏ်ရာ ) နှင့် ရှယ်ဗေးလ် (ဖျားနာ) ကြောင့် လွဲချော်မည်။

ရာသီကြိုခြေစမ်းပွဲစဉ်များကို ဒဏ်ရာကြောင့် လွဲချော်ခဲ့သော တိုက်စစ်မှူး ၀ိန်းရွန်းနီ ယခုပွဲစဉ်တွင် ပွဲထွက်ပါဝင်လာဖွယ်ရှိသည်။

မန်ယူအသင်းသည် ဆွမ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်သမိုင်း ၄ ကြိမ်တွေ့ဆုံရာတွင် ၃ ပွဲ နိုင် ၁ ပွဲသရေ ရှုံးပွဲမရှိ ရလဒ်ရရှိထားသည်။

ပြီးခဲ့သည့်ရာသီက တွေ့ဆုံမှုတွင် မန်ယူအသင်းက ၁ ပွဲနိုင် ၁ ပွဲသရေ ကျထားပြီး နှစ်ကျော့စလုံးတွင် ဆွမ်ဆီးတိုက်စစ်မှူး မီချူး ဂိုးသွင်းယူနိုင်ခဲ့သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီအဖွင့်ပွဲစဉ်တွင် အဲဗာတန် အသင်းကို အဝေးကွင်းတွင် ရှုံးနိမ့်ခဲ့သော်လည်း ဆွမ်ဆီးအသင်းသည် ဖူလ်ဟမ် အသင်းကို ၅-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပြီးခဲ့သည့် ရာသီတွင် မန်ယူအသင်းမှ ကစားသမား (၂၀) ဦးအထိ ဂိုးသွင်းယူနိုင်ခဲ့ရာ အဆိုပါစံချိန်သည် ပရီးမီးယားလိဂ် သမိုင်းတွင် အမြင့်ဆုံး ဖြစ်သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီက ရှုံးနိမ့်နေရာမှ ရမှတ် (၂၉) မှတ်အထိ ရယူနိုင်ခဲ့ရာ အဆိုပါစံချိန်သည် ၂၀၀၁-၂၀၀၂ ရာသီက နယူးကာဆယ် ရရှိခဲ့သော ရမှတ် (၃၄) မှတ်ပြီးနောက် အကောင်းဆုံး စံချိန်ဖြစ်သည်။



မန်ယူဖန်များအတွက်သီးသန့်နေရာ.............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map