<div style='background-color: none transparent;'></div>

Home » » ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ JLPT အတွက် လျှောက်ထားနိုင်

ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ JLPT အတွက် လျှောက်ထားနိုင်



အတွဲ (၁၄) အမှတ် (၃၀)
Tue, 08/06/2013 - 10:20

ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲကို ရန်ကုန်မြို့၌ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် စတင် ဖြေဆို ရမည် ဖြစ်ပြီး ဂျပန် နိုင်ငံသား မှအပ မည်သည့် နိုင်ငံသား မဆို ဖြေဆိုနိုင်မည် ဖြစ်ကာ လျှောက်လွှာများ ကို သြဂုတ်လ ၁၂ ရက်မှ ၂၂ ရက်အထိ ရန်ကုန်မြို့တွင် လည်းကောင်း၊ သြဂုတ်လ ၂၇ ရက် မှ ၂၉ ရက်အထိ မန္တလေးမြို့တွင် လည်းကောင်းလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ စာမေးပွဲ ဖြေဆိုလိုသူများ အနေဖြင့် လျှောက်လွှာများကို သက်ဆိုင်ရာ နေရာမှ ဝယ်၍ ပေးသွင်းရမည့် အပြင် Level အလိုက်ခွဲ၍ ပေးသွင်းရမည်။ Level N1 ဖြေဆိုမည့်သူများ အတွက် ၁၂ ဒေါ်လာ ၊ Level N2 ဖြေဆိုမည့်သူများ အတွက် ၁၀ ဒေါ်လာ၊ Level N3 ဖြေ ဆိုမည့်သူများ အတွက် ၁၀ ဒေါ် လာ၊ Level N4 ဖြေဆိုမည့်သူများ အတွက် ၈ ဒေါ်လာ ၊ Level N5 ဖြေဆိုမည့် သူများအတွက် ၈ ဒေါ်လာ နှင့်အတူ လျှောက်လွှာကြေး ၁ ဒေါ်လာ ပေးသွင်းရမည် ဖြစ်သည်။ အဆိုပါ စာမေးပွဲ အတွက် စာမေးပွဲကြေး နှင့် လျှောက်လွှာကြေးကို ကန်ဒေါ်လာဖြင့်သာ လက်ခံမည် ဖြစ်ပြီး၊ မြန်မာငွေနှင့် လက်ခံမည် မဟုတ်ကြောင်း သိရသည်။ အသေးစိတ် သိရှိလိုသူများ အနေဖြင့် MAJA ရုံးခန်း၊ ပုလဲ ကွန်ဒို၊ တိုက်စီ၊ အခန်း ၇၀၇၊ ကမ္ဘာအေး ဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ဖုန်း-၀၉-၈၆၁၂၁၅၁၊ ၀၉-၈၆၁၃၈၄၈၊ မန္တလေး Hito Centre 12 လမ်းနှင့် ၈၀ လမ်းထောင့်၊ မန္တလေး ဖုန်း-၀၂-၃၁၇၆၂ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်သည်။
အေးဖြူ

အေးချမ်းမွန်..........မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map