<div style='background-color: none transparent;'></div>

Home » » Google က ထုတ်သော စမတ် မျက်မှန်ကို တပ်ဆင်ပြီး မော်တော်ယာဉ် မောင်းနှင်မှုအား တားမြစ်ရန်

Google က ထုတ်သော စမတ် မျက်မှန်ကို တပ်ဆင်ပြီး မော်တော်ယာဉ် မောင်းနှင်မှုအား တားမြစ်ရန်

လက်ရှိ ဗြိတိန်နိုင်ငံမှာ အငြင်းပွားနေဆဲ အဆိုတင်သွင်းမှု တစ်ခု ဖြစ် ပါတယ်။ Google Glass လို့ခေါ်တဲ့ Google က ထုတ်သော စမတ် မျက်မှန်ကို တပ်ဆင်ပြီး မော်တော်ယာဉ် မောင်းနှင်မှုအား တားမြစ်ရန် အစိုးရ သို့ အဆိုတင်သွင်းထားကြပေမယ့် တစ်ဖက်ကလည်း ပြောင်းပြန် အမြင်တစ်ခုကို ပေးပါတယ်။ 
Google Glass ကိုတပ်ဆင်ပြီး မော်တော်ယာဉ် မောင်းနှင်ခြင်းက ယာဉ်မောင်းများအတွက်ပိုမို လုံခြုံမှု ရှိစေတယ်လို့ တီထွင်သူ Developer များက ပြောဆိုလိုက်ခြင်းကြောင့် ဖြစ်ကြောင်း သိရပါတယ်။ Google မှ Developer များက ပြန်လည်ဖြေရှင်းချက် ပေးထားမှုပါ။
တားမြစ်ရန် အဆိုမှာတော့ Google Glass တပ်ဆင်ပြီး ကားမောင်းနှင် မှုကြောင့် ဒရိုင်ဘာရဲ့  အာရုံဟာ အပြင်လောကကို မရောက်တော့ပဲ မျက်မှန်ထဲက ပုံရိပ်ကိုပဲ မြင်နေတာကြောင့် အက်ဆီးဒန့်များ ဖြစ်နိုင်တယ် လို့ ဆိုခြင်း ဖြစ်ပါတယ်။ Developer များရဲ့  ချေပချက် ကျတော့ Google Glass တပ်ဆင်ခြင်းကြောင့် လမ်းမသိတာတွေ၊ မြင်ကွင်းမှ မသေချာတာတွေ၊ အရေးကြီး ပြောဆိုမှုများအတွက် ခြေ၊လက် အသုံးပြုစရာ မလိုတော့ပဲ မျက်လုံးနဲ့တင် စက္ကန့်အတွင်း ပြီးစေတာ ကြောင့် ပြင်ပ မြင်ကွင်း ရော၊ အပြင်အာရုံစူးစိုက်မှု ကိုရော မလျော့ကျစေဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် Google Map တို့လို မြေပုံ တွေကိုတောင် မှန်ကနေ အလွယ်မြင်အောင် ဖန်တီးပေးထား မှုကြောင့် ပိုမို လုံခြုံစိတ်ချရတဲ့ ခရီးတစ်ခု ဖြစ်စေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဗြိတိန်မှာတင်မက၊ အခြား နိုင်ငံတွေမှာပါ Google Glass တပ်ပြီး မော်တော်ယာဉ် မောင်းနှင်ခွင့် ရှိမရှိဟာ အငြင်းပွားစရာ တစ်ခုအဖွယ် ဖြစ်ပေါ်လာနိုင်ကြောင်း သိရပါတယ်။
.
Stuff UK
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map