<div style='background-color: none transparent;'></div>

Home » » ထောက်ဖောက်မင်းသား မိုက်ကယ်စကိုးဖီး Gay ဖြစ်ကြောင်း ကြေညာ

ထောက်ဖောက်မင်းသား မိုက်ကယ်စကိုးဖီး Gay ဖြစ်ကြောင်း ကြေညာ



မိုက်ကယ်စကိုးဖီးလို့လူသိများတဲ့ Wentworth Miller လို့အမည်ရတဲ့ မင်းသားကို အတော်များများ သိကြမှာပါ။ Prison Break အမည် ရ ထောင်ဖောက်ဇာတ်ကားနဲ့ အောင်မြင်ခဲ့တဲ့ မင်းသား တစ်ဦး ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်တုန်းက InStyle မဂ္ဂဇင်းမှာ ဂေး ဟုတ်မဟုတ် မေးမြန်းမှု ကို ငြင်းပယ် ခဲ့ပြီး ယခု သြဂုတ်လအတွင်းမှာ တော့ လိင်တူချင်း ချစ်ခင်နှစ်သက်တဲ့ ဂေး တစ်ဦး ဖြစ်ကြောင်း ပွင့်ပွင့် လင်းလင်း ဝန်ခံကြေညာ သွားပါတယ်။

ကြေညာမှုက ဒီလိုပါ။ ရုရှားရုပ်ရှင်ပွဲတော်တစ်ခုကို လာဖို့ အဖိတ်ကြား ခံရ မှုအတွက် GLAAD ဝဘ်ဆိုဒ်မှာ သူတင်လိုက်တဲ့ Post တစ်ခု ဖြစ်ပါတယ်။ "လိင်တူ ချစ်ခင်နှစ်သက်သူ တွေ၊ ကျနော်တို့လို လူတွေအပေါ် ရုရှား အစိုးရ ရဲ့ တားမြစ် ပိတ်ပင်ချက်တွေက အင်မတန် ပြင်းထန်ပါတယ်။ ဒီလို လူ့အခွင့် အရေး ပိတ်ပင်တားဆီးမှုများနဲ့ နိုင်ငံတစ်နိုင်ငံကို ကျနော် ဘယ်လိုနည်း နဲ့ မှ သွားဖို့ စိတ်ကူး မရှိပါဘူး"

ယင်းကဲ့သို့ စာရေးသားပြီးတင်လိုက်တဲ့ စကိုးဖီးလ်ခေါ် Wnetworth တစ်ယောက်ဟာ Gay တစ်ဦး ဖြစ်ကြောင်း တရားဝင် ကြေညာ လိုက်ခြင်းနဲ့ တူညီနေစေခဲ့ပါတယ်။ အသက် ၄၁ နှစ်ရှိပြီ ဖြစ်တဲ့ Wentworth Miller ဟာ အင်္ဂလန်ဖွား မင်းသားဖြစ်ပေမယ့် ဟောလိဝုဒ် မှာ အောင်မြင်နေခြင်း ဖြစ် ပါတယ်။ ဂေး ဖြစ် ကြောင်း တရားဝင် ကြေညာမှုကြောင့် သူ့ရဲ့  အနုပညာ လုပ်ငန်း မှု ထိခိုက်လေမလားလို့ အများစု စောင့်ကြည့် လေ့လာလျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: Glaad

Aung Kham (Yoyarlay)

ရိုးရာလေး အနုပညာ.....................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map