<div style='background-color: none transparent;'></div>

Home » » ချက်ချင်းအကောင်အထည် ဖော်ရင်တော့ BRT ဆိုတာဘာမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး =======================================

ချက်ချင်းအကောင်အထည် ဖော်ရင်တော့ BRT ဆိုတာဘာမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး =======================================

ရန်ကုန်နည်းပညာတက္ကသိုလ်တွဲဖက်ပါမောက္ခ   ဦးသန်းဝင်းနှင့်တွေ့ဆုံခြင်း။
(ဒေါက်တာသန်းဝင်းသည် Transportation Planning, High Way and Rail Way  ဒီဇိုင်းများ၊ ယာဉ်ကြောကျပ်တည်းမှုပြဿနာများဖြေရှင်းခြင်း၊ ကားလမ်းကြောင်းများနှင့် MRTလမ်းကြောင်း စသည့်ဒီဇိုင်းများကို ထိုင်းနိုင်ငံဘန်ကောက်တွင် ၆ နှစ်နီးပါးနှင့် စင်ကာပူတွင် ၂ နှစ်နီးပါး တာဝန်ယူခဲ့သူ ဖြစ်သည်။)
BRT စနစ်ကို အများနားလည် အောင် ရှင်းပြပေးပါဆရာ။
BRT ဆိုတာက သီးသန့်ဘတ်စ် အမြန်ယာဉ်လိုင်းဖြစ်ပြီးတော့ လျင်မြန်စွာနဲ့ လိုရာခရီးကို မြန်မြန်ပို့ဆောင်ပေးတာဖြစ်တယ်။ ရန်ကုန်မြို့မှာ အများအားဖြင့် ခရီးသည်တွေ ကို ပို့ဆောင်ပေးတဲ့ ယာဉ် ၂ မျိုးရှိတယ်။ အဲဒါက  Bus  နဲ့ Rail  (၂)မျိုးထဲမှာ အချိုးချပြီးကြည့် ရင်ဘတ်စ်နဲ့သွားလာတဲ့သူက တစ်နေ့ ကို ၂၆ သိန်းရှိတယ်လို့ သိရတယ်။ အရှင်းဆုံးပြောရရင် BRT ဟာ အချိန် သက်သာစွာနဲ့ လျင်မြန်စွာသွားလာနိုင် အောင် ဆောင်ရွက်ပေးတယ်။ လူနည်းနည်းနဲ့ သွားလာနိုင်တဲ့ ဘတ်စ်၊ လူများများနဲ့ သွားလာနိုင်တဲ့ ဘတ်စ်၊ အဲဒီ နှစ်ခုရဲ့ လျင်မြန်မှုက ကွာခြားသွားမယ်။ BRT မှာက လူနည်းနည်းနဲ့ သွားလာပေမယ့်လျင်လျင်မြန်မြန်သွားနိုင်ရမယ်။ အဓိ ကကတော့ BRT ဆိုတာ လူတွေရဲ့ယုံကြည်ချက်ကို တာရှည်စွာထိန်းထားပေးနိုင်တဲ့ စနစ်တစ်ခုပါ။
BRT စနစ်ကို အခု မြန်မာနိုင်ငံမှာ လုပ်မယ်လို့ သတင်းတွေတော်တော် လေးထွက်နေပါတယ်။ အဲဒီစနစ်ဟာ ချက်ချင်းကြီးဖော်ဆောင်လို့ရတဲ့ စနစ်မျိုးပါလား။ ဒါမှမဟုတ် ဘယ်နှနှစ်လောက် ကြာနိုင်ပါသလဲ။
အဓိကကတော့ သေသေချာချာ ဖြစ်ဖို့က အရေးကြီးပါတယ်။ ချက်ချင်း အကောင်အထည်ဖော်ရင်တော့ BRT ဆိုတာ ဘာမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး။ သေချာစွာ အဘက်ဘက် ကနေလေ့လာပြီးတော့ အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ အချိန်ဘယ်လောက်ကြာမလဲဆိုတော့ တစ်နှစ်ခန့် တော့ ကြာနိုင်ပါတယ်။ အဲဒါတောင် စိတ်တူ၊ ကိုယ်တူပူးပေါင်းဆောင်ရွက်ရမှာပါ။
ဘယ်အချိန်လောက်ဆိုရင် အဲဒီ BRT ဟာ ရန်ကုန်မှာ စတင်နိုင်မှာလဲ။
အဲဒါက လက်ရှိ ရှိနေတဲ့ အခက်အခဲတွေ အကုန်လုံးကို လေ့လာဆန်းစစ်ရမယ်။ ပြီးမှ သင့်လျော်တဲ့ BRT စနစ်ကို ရွေးရမယ်။ အကောင်အထည်ဖော်ရမယ်။ အဲဒီအချက် သုံးချက်လုပ် ဆောင်ဖို့အတွက် အချိန်ကိုးလကနေ တစ်နှစ်အတွင်း လိုအပ်ပါတယ်။
နိုင်ငံတကာမှာ လုပ်ထားတဲ့ BRT စနစ်အကြောင်းတွေလည်း ပြောပြပေးပါဦးဆရာ။
နိုင်ငံတကာမှာက BRT စနစ် လုပ်ဆောင်မှုတွေ တစ်နိုင်ငံနဲ့တစ်နိုင်ငံမတူဘူး။ တော်တော်ကွဲပြားမှုရှိတယ်။ BRT စနစ်တွေ အများကြီးရှိတယ်။ အဲဒီမှာမှ ကိုယ့်ရဲ့ တိုင်းပြည်နဲ့သင့်လျော် တဲ့ BRT အမျိုးအစားကိုရွေးရမယ်။ ကုန်ကျစရိတ်တတ်နိုင်တဲ့အပေါ်မှာလည်း မူတည်တယ်။ အဆင့်မြင့်တဲ့ BRT ကတော့ ကုန်ကျစရိတ်များ တာပေါ့။ ကုန်ကျစရိတ်နည်းတဲ့ BRT ကို ဖော်ဆောင်ရင်တော့ သူ့မှာအားနည်းချက်တွေရှိလာမှာပဲ။ BRT စနစ်တွေထဲ မှာ ဟောင်ကောင်က BRT က အဆင့် အမြင့်ဆုံးပဲ။ သူ့ရဲ့ BRT စနစ်ကတော့ ကုန်ကျစရိတ်အရမ်းများပြီး အချိန် လည်း ၇ နှစ်လောက်ပေးရပါတယ်
ဆရာ့ရဲ့ နိုင်ငံတကာအတွေ့အကြုံအရ ရန်ကုန်မှာ BRT လုပ်ဖို့ အဓိက စိန်ခေါ်မှုဟာ ဘာတွေဖြစ်နိုင်ပါသလဲ။
အဆင့်မြင့်တဲ့ BRT ကိုသွားတော့ မယ်ဆိုရင် BRT သွားတဲ့လမ်းကြောင်းတစ်လျှောက် မီးပွိုင့်တစ်ခုမှမရှိရဘူး။ ဘတ်စ်ရပ်တဲ့နေရာမဟုတ်တဲ့ Bus Station တွေ လိုတယ်။ လူတွေအဆက် မပြတ်သွားလာနိုင်ရေးအတွက်  Inter-change တွေလိုပါတယ်။ အဲဒီ လိုဖြစ်ဖို့ အတွက် အချိန်တော်တော်လေး လိုပါတယ်။ ရန်ကုန်မြို့မှာ ပို့ဆောင်ရေး နဲ့ပတ်သက်တဲ့ ပြီးပြည့်စုံတဲ့ Facility မှမရှိသေးပါဘူး။ အဆင့်မြင့် BRT အတွက် မီးပွိုင့်တွေ အကုန်ဖြုတ်ပစ်ရမယ်။ ခုံးကျော်တံတားများများ ဆောက်ပေးရမယ်။
အခုဆိုရင် ယာဉ်ကြောပိတ်ဆို့မှု ဟာ တော်တော်ဆိုးရွားနေပါတယ်။ BRT နဲ့ ယာဉ်ကြောပိတ်တဲ့ ပြဿနာဟာ ပြေလည်နိုင်ပါ့မလား။
နံပါတ်(၁) စည်းကမ်းရှိရပါမယ်။ စည်းကမ်းမရှိဘဲနဲ့ အဆင့်မြင့်တဲ့ BRT စနစ်ကို မသွားနိုင်ပါဘူး။ BRT လိုင်း ကိုထိန်းသိမ်းဖို့ ခက်ပါလိမ့်မယ်။ စည်းကမ်း စနစ်တကျမရှိဘဲ ဆောင်ရွက်ရင် ပြိုလဲသွားမှာပဲ။ အဲဒီလို BRT မျိုးက အောင်မြင်မှာမဟုတ်ဘူး။ သေချာစွာ အချိန်ယူလေ့ လာခြင်းမရှိဘဲ နဲ့ အောင် မြင်နိုင် စရာမရှိဘူးလေ။ သို့မဟုတ်ဘဲနဲ့ အဲဒီလိုဆောင်ရွက်ခဲ့မယ်ဆိုရင် လက်ရှိ ရှိနေတဲ့ ယာဉ်ကြောပိတ်မှု၊ သယ်ယူပို့ဆောင်မှုကို ပိုမိုဆိုးရွားသွားစေနိုင်တယ်။ ဘာဖြစ်လို့လဲဆိုေ တာ့ BRT စနစ်နဲ့ ပြေးဖို့ဆိုရင် အသွားတစ်လမ်း၊ အပြန် တစ်လမ်းကို သီးသန့်ပေးရမှာဖြစ်တယ်။ နဂိုရှိနေတဲ့လမ်း ၂ လမ်းသွားနိုင်ဖို့အတွက် လျော့ကျသွားမှာဆိုတော့ Traffic Congestion  ပိုဆိုးလာနိုင်တာ ပဲဖြစ်မှာ။ တကယ်လို့ သေချာစွာ ကြိုတင် ပြင်ဆင်ထားမယ်ဆိုလို့ရှိရင် ဘတ်စ် ကားတွေအကုန်လုံးဟာ Traffic Lane 2 Lane ထဲမှာ စနစ်တကျနဲ့ သွား လာတာဖြစ်တဲ့အတွက် ရန်ကုန်မြို့ရဲ့ Traffic Congestion ကို အနှောင့်အ ယှက်မဖြစ်ဘဲ BRT  စနစ်ဟာ အောင် မြင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ နည်းနည်းရှင်းသွားအောင် အဓိကပြောချင်တာက BRT စနစ်ဟာ ရန်ကုန်ရဲ့ကားကျပ်တည်းမှုကို ဖြေရှင်းပေးတဲ့ စနစ် မဟုတ်ပါဘူး။ အဓိကတော့ အများပြည်သူ အလွယ်တကူသွားလာနိုင်ဖို့ အထူးသဖြင့်ဘတ်စ်ကားနဲ့သွားတဲ့လူတွေ ပိုမိုမြန်ဆန်စွာသွားနိုင်ဖို့အတွက်ပါ။
ရန်ကုန်မြို့က လမ်းတော်တော် များများဟာ ထပ်ချဲ့ထွင်လို့ မရလောက် အောင် ဖြစ်နေပြီလို့ ထင်တယ်။ အဲဒီလို အနေအထားမှာ BRT စနစ် ဖော်ဆောင်မှုက အဆင်ပြေေ ပမယ့် တခြား ဘာဆိုးကျိုးတွေ ဖြစ်နိုင်ပါသလဲဆရာ။
တခြားဆိုးကျိုးက တစ်ခုနဲ့တစ်ခု တူမှာမဟုတ်ပါဘူး။ BRT  က အမျိုး အစားအများကြီးရှိတဲ့အတွက်မို့လို့ ဘယ် BRT ကိုရွေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါ တယ်။ဆုံးဖြတ်ချက်အပေါ်မှာမူတည် ပြီးတော့ သူ့ရဲ့ဆိုးကျိုးကလည်း တစ်ခုနဲ့တစ်ခု တူမှာမဟုတ်ပါဘူး။ ဥပမာ- ပလက်ဖောင်းဘက်မှာ BRT စနစ်ကို ရွေးလိုက်မယ်ဆိုရင် ပလက်ဖောင်းနားလေးမှာ ရှိနေတဲ့ဈေးဆိုင်များ ကြိုက်နှစ်သက်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ BRT Lane ကို ပလက်ဖောင်းနားလေးကပ်ရွေးလိုက်လို့ရှိရင် အဲဒီဈေး ဆိုင်တွေဟာ ဈေးအရောင်းအဝယ်သိပ်ကောင်းမှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ BRT ရပ်မယ့်နေရာတွေ၊ BRT Bus Stop ဒါမှမဟုတ် BRT Station  တွေနားလေး မှာရှိတဲ့ အရောင်းအဝယ် လုပ်ငန်းတွေဟာ အရမ်းတိုးတက်လာပါ လိမ့်မယ်။
BRT  က သီးသန့်လမ်းကြောင်းတစ်ခုအနေနဲ့ သွားရမှာဆိုတော့ အဲဒီစနစ်အောင်မြင်ဖို့အတွက် လက်ရှိပြေးနေတဲ့ဘတ်စ်ယာဉ်တွေနဲ့ ကိုယ်ပိုင်ယာဉ်တွေ ကို ဘယ်လိုထိန်း ချုပ်သင့်တယ်လို့ ထင်ပါသလဲဆရာ။
ဒီမေးခွန်းကတော့ အရေးအကြီးဆုံးမေးခွန်းပါပဲ။ BRT Station  လမ်းကြောင်းကို တစ်ခုတည်းနဲ့ ပြေးဆွဲမယ်ဆိုရင် BRT Station  မအောင်မြင်နိုင်ပါဘူး။ BRT Station အောင်မြင်ဖို့အတွက် ဘာလိုလဲဆိုတော့ ကျန်တဲ့ဘတ်စ်လုပ်ငန်းတွေကိုလည်း အဆင့်မြှင့်တင်ပေးရမယ်။ အကုန်လုံး မဟုတ်ရင်တောင်မှ အရေးကြီးဆုံး လမ်းကြောင်းမှာရှိနေတဲ့ ဘတ်စ်အကုန် လုံးကို မြှင့်တင်မှုလုပ်ရမယ်။ ဥပမာ- ပြည်လမ်းပေါ်မှာ BRT Station  ပြေးပြီဆိုလို့ရှိ ရင် ပြည်လမ်းပေါ်က ဘတ်စ်ကားစီး တဲ့လူတွေပဲ အဆင်ပြေမှာဖြစ်တယ်။ လှိုင် သာယာမှ မြို့ထဲသွားတဲ့လူတွေ အဆင်ပြေဦးမှာ မဟုတ်ဘူး။ လှိုင်သာယာမှ မြို့ထဲသွားတဲ့လူတွေ အဆင်ပြေဖို့အ တွက်တော့ ပြေးဆွဲနေတဲ့ ဘတ်စ်ကားအချို့ကို အဆင့်မြှင့်တင်ပေးဖို့ လို တယ်။ ဒါကြောင့် အဓိကဆရာ့အနေနဲ့ အကြံပေးချင်တာကတော့ BRT တစ်ခု တည်းပြေးဆွဲေ နရုံမျှနဲ့တော့ လုံးဝ အောင်မြင်မှာ မဟုတ်ပါဘူး။ တချို့သော လက်ရှိဘတ်စ်ကားလိုင်းများကို အဆင့် မြှင့်တင်ပေးဖို့ လိုတယ်။
အဲဒါဆိုရင် ဆရာပြောသလိုပဲ BRT စနစ် ဖော်ဆောင်နေတဲ့ကြားကာ လမှာ ယာဉ်ကြောပိတ်တာမျိုးလည်းမရှိ ဘူး။ ခရီးသည်တင်ယာဉ်တွေလည်း သက်သောင့်သက်သာ သွားလာနိုင်ဖို့ ဆိုရင် လက်ရှိပြေးဆွဲနေတဲ့ ဘတ်စ်တွေ ကို ဘယ်လိုမျိုးအဆင့်မြှင့်တင်ပေးဖို့ လိုပါသလဲ။
ဘယ်လိုအဆင့်မြှင့်တင်ရမလဲဆို တော့ နံပါတ်(၁) က ပိုမိုမြန်ဆန်နိုင် သော နည်းလမ်းများကို ရွေးချယ်ပြီး တော့ ပံ့ပိုးပေးရမယ်။ နည်းလမ်းတစ်ခု တည်းမဟုတ်ဘူး။ နည်းလမ်းများစွာကို ရွေးချယ်ပြီး ပံ့ပိုးပေးရမယ်။ အဲဒီနည်း လမ်းတွေက ဘာလဲဆိုရင် လေ့လာဆန်း စစ်မှုတွေပြုလုပ်ရမယ်။ အဓိကကတော့ ဘာတွေက နှေးကွေးနေ တာလဲ။ ဘာ ကြောင့်နှေးကွေးတာလဲ။ အဲဒီလို နှေး ကွေးတာကို ဘယ်လိုမြန်အောင်လုပ်လို့ ရမလဲ။ အဲဒါတွေကို လေ့လာဆန်းစစ်ပြီး မှ တစ်ခုချင်းစီ လိုင်းတစ်လိုင်းချင်း စီကို အဆင့်မြှင့်တင်ပေးရမယ်။
 BRT စနစ်ဖော်ဆောင်ဖို့အတွက် ဆိုရင် လိုအပ်ချက်တွေ အများကြီးရှိ တယ်လို့သိရပါတယ်။ အဲဒါတွေက ဘာတွေပါလဲဆရာ။
နံပါတ်(၁)အရေးအကြီးဆုံးက တော့ Running Way ပေါ့။ Running Way ဆိုတာကတော့ တကယ်တော့ BRT သွားတဲ့လမ်းကြောင်းပေါ့။ အဲဒီ လမ်းကြောင်းမှာ အမျိုးအစား အများကြီး ရှိပါတယ်။ အဲဒီအမျိုးအစားထဲက ဘယ် လိုအမျိုးအစား Running Way ကိုရွေး ရမှာပါ။ နောက်တစ်ခုက  Vehicle  ပေါ့။  Vehicle  ဆိုတာ ကတော့ အသုံးပြုမယ့် ယာဉ်အမျိုးအစားက ဘယ်လိုအမျိုးအစားလဲဆိုတာ သတ်မှတ်ရမယ်။ ယာဉ်အမျိုးအစား သတ်မှတ်ပြီးမှ Bus Stop သို့မဟုတ် Bus Station ကို ဒီဇိုင်းပြုလုပ်ပေးရမယ်။ နောက်လိုအပ် ရင် ခေတ်ပေါ်နည်း ITS လို့ခေါ်တဲ့ ခေတ်ပေါ်နည်းပညာတွေ သုံးဖို့လို တယ်။ နောက် BRT ကို ဘယ်လိုပြေးဆွဲ မလဲ။ အဲဒီအပေါ် Operating Plan  လုပ်ဖို့ လိုတယ်။ နောက် BRT  တစ် လျှောက်မှာရှိတဲ့ Parking တွေနဲ့ ပတ်သက်လို့ ဘယ်လို Control လုပ် မလဲ၊ နောက်ဆုံး တစ်ခုကတော့ Fare Collection  ပေါ့။ Fare Collection ဆိုတာက ဘတ်စ်ကားခကို ဘယ်လို ကောက်မလဲ၊ ဒီအချက်တွေကို အသေး စိတ်လေ့ လာပြီးတော့မှ BRT  စနစ်ကို အကောင်အထည် ဖော်ရမှာဖြစ်ပါတယ်။
BRT  စနစ်အောင်မြင်ဖို့ တစ်နည်းအားဖြင့် အမြန်ဆုံးဖြစ်လာစေဖို့ လက်ရှိသယ်ယူပို့ဆောင်ရေး စနစ်တွေမှာ ဘာတွေပြုပြင်ပြောင်းလဲပေးဖို့ လိုပါသလဲ။
နံပါတ်(၁) အရေးအကြီးဆုံးကတော့ စည်းကမ်းလိုက်နာဖို့ပေါ့။ ရန်ကုန်မြို့မှာရှိနေတဲ့ယာဉ်ကျပ်တည်းမှု ပြဿနာအားလုံးရဲ့ အရင်းအမြစ်တစ် ခုလို့တောင်ပြော လို့ရတာကတော့ စည်းကမ်းမလိုက်နာမှုနဲ့ ပတ်သက်လို့ပဲ။ ပညာပေးချက်တွေ၊ ဥပဒေတွေ လိုက်နာ ဆောင်ရွက်အောင်ကြပ်မတ်ပေးဖို့ဟာ မဖြစ်မနေလိုတယ်။ အဲဒီတော့ စည်း ကမ်းမလိုက်နာဘဲနဲ့တော့ BRT  အောင် မြင်ဖို့လည်း မလွယ်ပါဘူး။ ရန်ကုန်မြို့ရဲ့ ကား ကျပ်တည်းမှုဟာလည်း ဒီ့ထက် ပိုဆိုးလာရုံပဲ။
BRT စနစ်နဲ့ ပတ်သက်ပြီး တခြား ဖြည့်စွက်ပြောကြားလိုတာများရှိရင် ပြောပေးပါ ဆရာ။
အဓိကပြောချင်တာကတော့ ပူး ပေါင်းဆောင်ရွက်မှုက အဓိကပဲ။ ဘယ် သူတွေပူးပေါင်းဆောင်ရွက်မှု လိုသလဲဆိုရင် Policy Maker တွေ၊ နည်းပညာ ကျွမ်းကျင်သူတွေ၊ ယာဉ်ထိန်းရဲ၊ နောက် Bus Operator ၊ အရေးကြီးဆုံးက ပြည်သူပြည်သားတွေ အကုန်လုံးပေါ့။ သူတို့ရဲ့ပူးပေါင်းပါဝင်မှုရှိမှ BRT ဟာ တစ်ရာ ရာခိုင်နှုန်းအောင်မြင်မှာပါ။ အဲဒီလို ပူးပေါင်းပါဝင်မှုရအောင်လည်း နှိုးဆော်တာ၊ တိုက်တွန်းတာတွေ၊ စည်း ရုံးတာတွေ၊ အဲဒါတွေကို အလေးထား ပြီးတော့ ပြောပြချင်ပါတယ်။
ထ  က်  ထ  က်  မိုး  မြ  င့်ေ  တွ့  ဆုံေ  မး  မြ  န်း  သ  ည်


Popular Myanmar News Journal................မှ


Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map