<div style='background-color: none transparent;'></div>

Home » » ဘေရွတ်မြို့ တောင်ပိုင်းအား အစ္စရေး တိုက်လေယာဉ်များဖြင့် ဝင်ရောက်တိုက်ခိုက်

ဘေရွတ်မြို့ တောင်ပိုင်းအား အစ္စရေး တိုက်လေယာဉ်များဖြင့် ဝင်ရောက်တိုက်ခိုက်





ဘေရွတ်   သြဂုတ်  ၂၃

သြဂုတ် ၂၂ ရက်က လက်ဘနွန် စစ်သွေးကြွ များ၏   အစ္စရေး နိုင်ငံ  မြောက်ပိုင်းသို့  ဒုံးကျည် လေးစင်းဖြင့် ပစ်ခတ် တိုက်ခိုက်မှုကို   တုံ့ပြန်သောအားဖြင့်

အစ္စရေး တိုက်လေယာဉ်များသည် သြဂုတ် ၂၃ ရက် နံနက်ပိုင်းက လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ တောင်ပိုင်း အား   ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြ ကြောင်း အစ္စရေး စစ်ဘက်နှင့် ပါလက်  စတိုင်း အစိုးရ အသိုင်းအဝိုင်းက  ပြောကြားခဲ့သည်။

အစ္စရေး စစ်ဘက်၏ ပြောကြားချက် အရ ၎င်းတို့ တိုက်လေယာဉ်များသည် ဘေရွတ်နှင့် ဆီဒန်မြို့အကြားရှိ စစ်သွေးကြွများ နေထိုင်ရာ နေရာသို့   ပစ်မှတ်   ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရာသည်  အစ္စရေးနှင့်  လက်ဘနွန် စစ်သွေးကြွ  ဟဇ်ဘိုလာ တပ်ဖွဲ့များ အကြား ၂ဝဝ၆ ခုနှစ်က ဖြစ်ပွားခဲ့သော စစ်ပွဲပြီးနောက် ပထမဆုံး အကြိမ်အဖြစ် လေကြောင်းမှ တိုက်ခိုက် ခံရခြင်း ဖြစ်သည်။ သြဂုတ် ၂၂ ရက်က လက်ဘနွန် စစ်သွေးကြွ များ၏ ဒုံးကျည် လေးစင်းဖြင့် တိုက်ခိုက်မှုတွင် သုံးစင်းမှာ အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ ကျရောက် ခဲ့ပြီး ကျန်တစ်စင်းအား အစ္စရေး၏ Iron Dome ဒုံးကျည် ကာကွယ်ရေးစနစ်က ကြားဖြတ် တိုက်ခိုက် လိုက်ကြောင်း သိရသည်။


မြ၀တီ...................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map