<div style='background-color: none transparent;'></div>

Home » » ~အီကြာကွေး~

~အီကြာကွေး~



(အီကြာကွေးများတွင်အကြော်ဆီများ ပြန်သုံးသည့်အတွက်အသည်းကင်ဆာနှင့် ကျောက်ကပ် ပျက်စီးနိုင်ဟုဆို)

လက်ဖက်ရည်ဆိုင်အများစုတွင် ရောင်းချလျက်ရှိသောအီကြာကွေးများတွင်အမိုးနီးယား(NH3)ဓာတုဆေးဝါးတစ်မျိုးကို တွေ့ရှိကြောင်းစားသုံးသူများကာကွယ်ရေးအသင်းဥက္ကဌဦးဗအုပ်ခိုင်က
၁၈-၂-၂၀၁၃ရက်တွင် ပြောကြားသည်။

ရွှေပြည်သာမြို့နယ်က ထန်းခြောက်ပင်ဈေးမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကိုဝင်စစ်တာအီကြာကွေးက သေးနံ့နံတယ်စစ်ကြည့်တော့အမိုးနီးယား(NH3)ဓာတုဆေးတစ်မျိုးသုံးထားတာ တွေ့တယ်။ အဲဒါသုံးရင် အီကြားကွေးကမွပြီး ရောင်းပန်းလှလို့ သုံးတာပါဆိုပြီးပြောတယ်။ ပြီးတော့ ကြော်ပြီးသားဆီတွေ ပြန်သုံးတာရှိသေးတယ်။ အဲဒါကိုလည်း အီကြာကွေး၊ ပလာတာ၊ စမူဆာတွေမှာသုံးတယ်။ အကြော်ဆီပြန်သုံးထားတဲ့ဟာတွေ စားရင် ပါးစပ်ထဲမှာ ချွဲပျစ်ပျစ်ကြီး ဖြစ်နေတတ်တယ်။

အဲဒါတွေကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေတဲ့အတွက်ပြည်သူတွေအနေနဲ့ ဆင်ခြင်သင့်တယ်ဟု ဦးဗအုပ်ခိုင်က ပြောကြားသည်။

အမိုးနီးယား(NH3)ကို အဲယားကွန်း ရေခဲစက် ရေခဲသေတ္တာ စသည်တို့၏ဂက်စ်ပိုက်လိုင်းတွင်သာသုံးခြင်းဖြစ်ကြောင်း ကြော်ပြီးဆီများကိုလည်း အရောင်ပြန်ချွတ်၍ အနံ့ရောကာ ပြန်သုံးစွဲနေခြင်းဖြစ်ပြီး ဆီများမှာ အရမ်းချွဲကြောင်း အဆိုပါအရာများကို စားသုံးမိပါက အသည်းကင်ဆာ ကျောက်ကပ် ပျက်စီးခြင်းများဖြစ်ကြောင်း သိရသည်။

posted by နှင်းဆီဖူးလေးများ-Love BUDS(Mar5,2013)

အေးချမ်းမွန်...................မှ

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map