<div style='background-color: none transparent;'></div>

Home » » ဘလက်ဘန်းအား ၂ဂိုး-ဂိုးမရှိဖြင့် အနိုင် ကစားလိုက်သော အိမ်ရှင် ဒွန်ကတ်စတာ

ဘလက်ဘန်းအား ၂ဂိုး-ဂိုးမရှိဖြင့် အနိုင် ကစားလိုက်သော အိမ်ရှင် ဒွန်ကတ်စတာ



လန်ဒန် သြဂုတ် ၁၇

ဒွန်ကတ်စတာ အသင်းသည် သြဂုတ် ၁၆ ရက်တွင် ကစားခဲ့သော ချန်ပီယံရှစ် ပွဲစဉ်တွင် ဘလက်ဘန်း အသင်းအား ၂ဂိုး- ဂိုးမရှိဖြင့် အနိုင် ကစားနိုင်ခဲ့ကြောင်း သိရသည်။

Keepnout ကွင်း၌ ကျင်းပသော ၎င်းပွဲစဉ်တွင် ဒွန်ကတ်စတာ အသင်းသည် အသစ် ခေါ်ယူလိုက်သော သီအို ရော်ဘင်ဆန်နှင့် ဂျိမ်းဟက်စဘန်းတို့၏ ဂိုးများကြောင့် အနိုင် ရရှိလိုက်ခြင်း ဖြစ်ပြီး အဆိုပါ ပွဲစဉ်သည် အိမ်ရှင် အသင်းအဖို့ ပထမဦးဆုံး ချန်ပီယံရှစ် အနိုင်ပွဲလည်း ဖြစ်သည်။

အဖွင့်ဂိုးကို သီအိုရော်ဘင်ဆန်က ပွဲချိန် ၃၇ မိနစ်တွင် သွင်းယူပေးခဲ့ခြင်း ဖြစ်ပြီး ဒုတိယမြောက် ဂိုးကိုမူ ဂျိမ်း ဟက်စဘန်းက ပွဲချိန် ၅၉ မိနစ်တွင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

မြ၀တီ..................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map