<div style='background-color: none transparent;'></div>

Home » » တစ်နှစ်ဝင်ငွေ ဒေါ်လာသန်းချီရှိသော ကြော်ငြာဝဘ်ဆိုဒ်

တစ်နှစ်ဝင်ငွေ ဒေါ်လာသန်းချီရှိသော ကြော်ငြာဝဘ်ဆိုဒ်


ကောင်လေး တစ်ယောက် သူကျူရှင်ဆက်တက်ဖို့ လခ မပေးနိုင်တော့လို့ အတွေးတစ်ခု ရသွားပါတယ်။ ဒါကတော့ ကြော်ငြာဝဘ်ဆိုဒ်ထောင်ခြင်း ပဲ ဖြစ်ပါတယ်။

အခြားဆိုဒ်တွေလိုတောင်မဟုတ်ပါဘူး။ ကြော်ငြာတွေချည်း သီးသန့်ကို တစ်ပြုံကြီးထည့်တဲ့ ဝဘ်ဆိုဒ် ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း Pixel တစ်ခုစာလောက်သာရှိတဲ့ ကြော်ငြာတွေကိုပါ ထိုးသိပ်ထည့်ထား တာ မြင်တွေ့ရ မှာ ဖြစ်ပါတယ်။ စစလုံးခြင်းကတော့ Pixel တစ် ယူနစ်စာကို တစ်လ တစ်ဒေါ်လာနဲ့ ကောက်တာပါ။

Milliondollar Homepage တစ်မျက်နှာတည်းဆိုတော့ သူ့အတွက်လည်း အကုန်အကျ မများသလို၊ ကြော်ငြာထည့်သူတို့အတွက်လည်း အကုန်အကျ မများပါဘူး။ ဒီလိုနဲ့ ထည့်လိုက်တာ တစ်နှစ်အတွင်း ဝင်ငွေ သိန်းချီရ လာပါတယ်။ ဒီတော့ တစ်လကို ၁ ဒေါ်လာတောင် မကတော့ပါဘူး။

ယခုဆိုရင် သူ့ဝဘ်ဆိုဒ်ရဲ့  ဝင်ငွေက တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၀ သိန်းအထက်မှာ ရှိပြီး အခွန်ဆောင် အပြီးအစီး သူ့လက်မှာ အနည်းဆုံး ဒေါ်လာ ၇ သိန်းတောင် ကျန်ရှိပါတယ်။ ဘာမှလည်း လုပ်နေစရာ မလိုပဲ ဝင်ငွေရှာတဲ့ သူ့ဆိုဒ်လေးဟာ ယနေ့မှာ စံနယူစရာ တစ်ခု ဖြစ်ခဲ့ကြောင်း သိရပါတယ်။

http://milliondollarhomepage.com/

ရိုးရာလေး ..............မှ


Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map