<div style='background-color: none transparent;'></div>

Home » » ကိုဆိုဗိုတွင် လမ်ဘော်ဂနီကားဖြင့် ကြွားလုံးထုတ်နေစဉ် လမ်းဘေးရှိ သစ်ပင်ကို ၀င်တိုက်

ကိုဆိုဗိုတွင် လမ်ဘော်ဂနီကားဖြင့် ကြွားလုံးထုတ်နေစဉ် လမ်းဘေးရှိ သစ်ပင်ကို ၀င်တိုက်


ဆာဘီးယားတောင်ပိုင်းရှိ ကုလသမဂ္ဂ လက်အောက်ခံ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော ကိုဆိုဗိုမြို့တွင် အမျိုးသမီး တစ်ဦးသည် ၎င်း၏ Lamborghini Murcielago LP-640 ကားဖြင့် ကြွားလုံးထုတ် မောင်းနှင်နေစဉ်အတွင်း လမ်းဘေးရှိ သစ်ပင်တစ်ပင်ကို အရှိန်ပြင်းစွာဖြင့် ၀င်တိုက်မိခဲ့ကြောင်း ‘inautonews ၀က်ဘ်ဆိုက်’မှ ဖော်ပြခဲ့သည်။ အီတလီ နိုင်ငံထုတ် လမ်ဘော်ဂနီ ကားအမျိုးအစားများသည် မြန်နှုန်းမြင့် မောင်းနှင်နိုင်သောကြောင့် ကြွားဝါချင်သူများအဖို့ သည်းခြေကြိုက် ကားအမျိုးအစားတစ်ခု ဖြစ်ပြီး ယခုဖြစ်စဉ်တွင် စတီယာရင်ကို ကောင်းစွာ မထိန်းသိမ်းနိုင်ခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

Lamborghini Murcielago LP-640 ကားအမျိုးအစားကို ၂၀၀၆ ခုနှစ်တွင် ကျင်းပသော ဂျီနီဗာ ကားပြပွဲတွင် တရားဝင် ပြန်လည် မိတ်ဆက်ပြသခဲ့ပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ Aventador ကားအမျိုးအစားဖြင့် အစားထိုး ထုတ်လုပ်ခံခဲ့ရခြင်း ဖြစ်သည်။ LP-640 ကားများတွင် မြင်းကောင်ရေ ၆၃၁ ကောင်အား ၆.၅ လီတာ အင်ဂျင် တပ်ဆင်ထားပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၃၁၈,၈၀၀ ဖြင့် ရောင်းချခြင်း ဖြစ်သောကြောင့် တန်ဖိုးကြီး ကားတစ်စီးဖြစ်သည့် အဆိုပါ ပြိုင်ကားကို ပြန်လည်ပြုပြင် တပ်ဆင်ရန် အကုန်အကျများလိမ့်မည် ဖြစ်ကြောင်း သိရသည်။


အေးချမ်းမွန်.............မှ

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map