<div style='background-color: none transparent;'></div>

Home » » အခွန်လိမ်လည်မှုပြစ်ဒဏ်အတွက် အယူခံဝင်မှု ဘာလူစကိုနီ ရှုံးနိမ့်

အခွန်လိမ်လည်မှုပြစ်ဒဏ်အတွက် အယူခံဝင်မှု ဘာလူစကိုနီ ရှုံးနိမ့်


Saturday, 03 August 2013

အခွန်ငွေ ပေးဆောင်ရန် လိမ်လည်တိမ်းရှောင်မှုအတွက် တရားရုံးက
ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်လိုက်ခြင်းအပေါ် အီတလီ ဝန်ကြီးချုပ်ဟောင်း ဆီလ်ဗီယို ဘာလူစကိုနီက ဒေါသတကြီး တုံ့ပြန်လိုက်သည်။ ရုပ်မြင်သံကြား ဌာနတစ်ခုက ဘာလူစကိုနီ၏ ဗီဒီယို Message တစ်ခုကို ထုတ်လွှင့် ပြသ
ခဲ့ရာ ဒေါသထွက်နေဟန် ရှိသော ဘီလျံနာ သူဌေးကြီးက မိမိသည် အပြစ်ကင်းစင်သူ ဖြစ်ကြောင်း ဖြေရှင်း ပြောဆိုထားခဲ့သည်။ အီတလီ၏ အဆင့်အမြင့်ဆုံး ခုံရုံးအဖွဲ့က ဘာလူစကိုနီ၏ အယူခံကို ပယ်ချကာ
ထောင်ဒဏ် ချမှတ်ခဲ့သော်လည်း အသက်အရွယ်ကြောင့် အမှန်တကယ်
ပြစ်ဒဏ် ခံရဖွယ် မရှိချေ။အသက်(၇၆)နှစ်ရှိ ဘာလူစကိုနီသည် နေအိမ် အကျယ်ချုပ်၊ သို့မဟုတ် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ပါဝင်ဆောင်
ရွက်ရန် စသည့် ပြစ်ဒဏ်မျိုးကိုသာ ကျခံရဖွယ် ရှိနေသည်။

ဘာလူစကိုနီ၏ ၎င်း၏ ဗီဒီယို Messageထဲတွင် စွဲချက်နှင့် ပတ်သက်ပြီး "မယုံနိုင်လောက်အောင် ဆက်တိုက် ဖိအားပေးလာတဲ့ တရားရေး စွပ်စွဲမှုတွေ၊ တကယ်တမ်းကျတော့ ဘယ်ဟာကမှ လက်တွေ့ ဖြစ်ခဲ့တာ မဟုတ်ဘူး"ဟု တုံ့ပြန်သွားသည်။

တရားရုံးသည် နိုင်ငံရေး နယ်ပယ်တွင် ဘာလူစကိုနီ ဝင်ရောက် ဆက်နွယ်မှု
ကိုလည်း (၅)နှစ်ကြာ ပိတ်ပင်ခဲ့ပြီး ယင်းစီရင်ချက်နှင့် ပတ်သက်ပြီး နောက်
ထပ် စီစစ်မှုတစ်ခု ပြုလုပ်ရန်လည်း အမိန့်ချထားသည်။ သို့သော်လည်း အဆိုပါ ပိတ်ပင်မှုသည် အကျုံးဝင် သက်ရောက်နေမည် ဖြစ်သည်။ ထို့ကြောင့် အီတလီ ဝန်ကြီးချုပ်အဖြစ် ရာထူးသက်တမ်း (၃)နှစ်စာ တာဝန်ယူဖူးသူ ဘာလူစကိုနီ အနေဖြင့် နှစ်ပေါင်း(၂၀)မျှအတွင်း ပထမဆုံးအကြိမ် နိုင်ငံရေး နယ်ပယ်မှ ဖယ်ထုတ်ခံရသည့် အခြေအနေသို့ ဦးတည်လာသည်။

"ကျွန်တော့်ဘဝမှာ နှစ်(၂၀)လောက် နိုင်ငံအတွက် အကျိုးရှိအောင် အလုပ်လုပ်လာတယ်။ ခုတော့ ပြည်သူတွေနဲ့ ဆက်နွယ်မယ့် ကျွန်တော့်ဘဝ မျက်နှာစာက အဆုံးသတ်လုလု ဖြစ်လာပြီ။ ကျွန်တော် လုပ်ခဲ့တာတွေ
အတွက် ပြန်ရခဲ့တဲ့ဆုက စွပ်စွဲချက်တွေ၊ စီရင်ချက်တွေသာ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ စွဲချက်တွေမှာ ပါရှိတဲ့ ဘယ်အချက်ကိုမှ ကျွန်တော် မကျူးလွန်ခဲ့ဘူး။ ဒီစွပ်စွဲချက်တွေက ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်နဲ့ နိုင်ငံရေး အခွင့်အရေးတွေကို ဖယ်ထုတ်ပစ်နေတာပဲ"ဟု ဘာလူစကိုနီက ဗီဒီယိုထဲ
တွင် ပေါက်ကွဲ ပြောဆိုထားသည်။ ဘာလူစကိုနီသည် အသက်မပြည့်သေး
သည့် မိန်းကလေး တစ်ဦးနှင့် လိင်ပိုင်းဆိုင်ရာ ဆက်နွယ်မှု စွဲချက်အတွက်
လည်း အမှုရင်ဆိုင်နေရပြီး ယင်းအတွက် အယူခံကို တရားရုံးက ဆိုင်းငံ့
ထားဆဲဖြစ်သည်။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map