<div style='background-color: none transparent;'></div>

Home » » ၁၈ နှစ်အောက် မကြည့်ရ ဇာတ်ကားနဲ့ သဉ္ဇာနွယ်ဝင်း

၁၈ နှစ်အောက် မကြည့်ရ ဇာတ်ကားနဲ့ သဉ္ဇာနွယ်ဝင်း

သဉ္ဇာနွယ်ဝင်းက '၁၈ နှစ် အောက် မကြည့်ရ' ဆိုတဲ့ဇာတ်ကား ကို နေတိုးနဲ့ရိုက်ကူးနေပါတယ်။ ဟာသ ဇာတ်ကားလေးဖြစ်ပြီး ဒီကားမှာ နေတိုးကို အထင် မကြီးတဲ့သူတစ်ယောက်၊ အပုန်းကြီးလို့ ထင်နေတဲ့ အတွက် ဟာသအလွဲလေးတွေနဲ့ ပရိသတ်တွေ သဘောကျမယ့် ဇာတ်ကားဖြစ်မှာပါ ဆိုတဲ့ သဉ္ဇာနွယ်ဝင်း က..
"ဒီမှာက ကိုနေတိုးကို အပုန်းကြီးလားဆိုပြီး သိချင်တာနဲ့ Sexy တွေလုပ်ပြရတာပေါ့။ ဒါပေမဲ့ ရယ်စရာပုံစံ မျိုးလေးပါ။ ဒီကားကို သဉ္ဇာကိုယ်တိုင်လည်း သဘောကျလို့ ရိုက်တာပါ" လို့ ပြော ပြပါတယ်။ ဇာတ်ကား ရိုက်ကူးမှုအတွက် သေ သေချာချာရွေးချယ် ပြင်ဆင်ဖြစ်သလိုပရိသတ် တွေသတိထားပေးတဲ့အတွက်လည်း ကြိုးစား ရကျိုးနပ်တယ် လို့ ပြောပြတဲ့ သဉ္ဇာနွယ်ဝင်း..
"ဇာတ်ကားတွေကို ဘယ်လို ဇာတ်ဝင်ခန်း တွေပါလဲဆိုတာရယ်၊ ကိုယ်မရိုက်ဖူးတဲ့ ပုံစံဆို ဘယ်လိုပုံစံမျိုး အထိလဲဆိုတာ မေးပြီးမှ ရိုက်ဖြစ် တယ်။ 'အနုံ' ဆိုတဲ့ကားထွက် ကတည်း က သဉ္ဇာ့ကို အပြင်မှာ ပရိ သတ်တွေကတွေ့ရင် ချစ်စနိုးနဲ့အနုံဆိုပြီး ခေါ်ကြတယ်။ အဲဒီအတွက် လည်း ဝမ်းသာရတယ်။ ကြိုးစား ရကျိုးနပ် တယ်။ သဉ္ဇာဇာတ်ကားတွေကို ဇာတ်လမ်း တစ်ခုနဲ့ တစ်ခုကွဲအောင် အင်္ကျီအဝတ်အစား ကအစ သေ ချာပြင်ဆင်ပြီး ရိုက်ကူးတယ်။ သဉ္ဇာ အနုပညာအလုပ်တွေကိုရှေ့ဆက် အကောင်းဆုံးကြိုးစား သွားမှာပါ။
ဇာတ်ကား တွေကို သေသေချာချာ ရွေးဖြစ်တယ်။ အခုသဉ္ဇာ ရိုက်ကူးခဲ့ သမျှကားထဲမှာဒီဇာတ်ကားကို အကြိုက်ဆုံးပဲ"လို့ ပြောပြခဲ့ပါတယ်။ 
မေမွန်မောင်


Today Myanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map