Created on Thursday, 15 August 2013 22:28
ရန်ကုန်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်း ဈေးကြီးကို အကြီးစား ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိရာ လာမည့် အောက်တိုဘာတွင် ပြီးစီးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနမှ သိရသည်။
ရန်ကုန်မြို့ရှိ ရှေးဟောင်း သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းဈေးမှာ
ဗိုလ်ချုပ်အောင်ဆန်းဈေး အကြီးစား ပြင်ဆင်မှုကို ပြုလုပ်ရန် မေလအတွင်းက ပြင်ဆင်မည့် နေရာများကို စစ်ဆေးရေး အဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ပြီး ဇွန်အတွင်း စတင်ပြုပြင် ခဲ့ခြင်းဖြစ်ကြောင်း၊ ပြုပြင်ရာတွင် ဈေးကြီး၏ အဓိက ဗဟိုဈေးရုံ ခေါင်မိုးပိုင်းအား ဦးဆုံးပြင်ဆင် နေခြင်းဖြစ်ပြီး ဈေးကြီး၏ ခေါင်မိုးအပိုင်းသည် နှစ်ကာလ ကြာမြင့်မှုကြောင့် အုတ်ကြွပ်များကွဲခြင်း၊ သဘာဝအလျောက် ချို့ယွင်းလာခြင်းများ ဖြစ်ပေါ်နေသည်ဟု သိရသည်။
ပြုပြင်ရာတွင်လည်း ဈေးကြီး၏ မူလလက်ရာမပျက် ပြင်ဆင်သွားမည်ဖြစ်ပြီး ပြုပြင်မှုအတွက် ငွေကျပ်သိန်း ၃၀၀၀ ခန့် အသုံးပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ သိရသည်။
အကြီးစား ပြင်ဆင်မှုအတွက် လိုအပ်သော ငွေကြေးများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကုန်အကျခံ သွားမည်ဖြစ်ပြီး ဈေးသူဈေးသားများထံမှ ငွေကြေးကောက်ခံမည် မဟုတ်ကြောင်းနှင့် ပြင်ဆင်မှု ကာလအတွင်း ဈေးသူဈေးသားများ အရောင်းအ၀ယ် မပျက်စေရန် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း ဈေးသည် ဆိုင်ခန်းပေါင်း ၁၈၂၃ ခန်းရှိသော 'က' အဆင့် ရှေးဟောင်းဈေးကြီး တစ်ခုဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ဈေးကို ၁၉၂၂ ခုနှစ်မှ ၁၉၃၁ ခုနှစ်အထိ ရန်ကုန်မြူနီစီပယ် မင်းကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မစ္စတာဂျာဗင်စကော့ လက်ထက် ၁၉၂၆ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မြူနီစီပယ်မင်းကြီး ဂျာဗင်စကော့ အမည်ကို ဂုဏ်ပြု၍ စကော့ဈေးဟူ၍လည်း ခေါ်ဝေါ်ကြကာ ပန်းချီ၊ ပန်းပုနှင့် မြန်မာ့ ယွန်းထည် ပစ္စည်းများ၊ မြန်မာ့တွင်းထက် ကျောက်မျက်ရတနာများ၊ ရွှေငွေများ၊ ရှေးဟောင်း အနုပညာ လက်ရာနှင့် မြန်မာ့လက်မှု အနုပညာ ပစ္စည်းများ တစ်စုတစ်စည်းတည်း ရောင်းချသည့် ဈေးကြီးဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်းက ဗိုလ်ချုပ်အောင်ဆန်းဈေးကို
ဗိုလ်ချုပ်အောင်ဆန်း ဈေး၏ ဗဟိုဈေးရုံ ခေါင်မိုးပိုင်း ပြင်ဆင်နေမှုကို သြဂုတ် ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
အေးချမ်းမွန်


0 comments:
Post a Comment