<div style='background-color: none transparent;'></div>
Home » » လေးစားဖွယ် လူပီသတဲ့ လူသားတစ်ယောက်အကြောင်းပါ။

လေးစားဖွယ် လူပီသတဲ့ လူသားတစ်ယောက်အကြောင်းပါ။


၁၉၈၇ ခုနှစ်မှာ အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ Bai Fangli အမည်ရှိလန်ချား သမား အဘိုးကြီးဟာ သူ့ရဲ့အလုပ်ကနေ အပြီးတိုင်အနားယူဖို့ သူ့ရဲ့ဇာတိမြို့ကို ပြန်ခဲ့ပါတယ် ...ပြန်ရောက်တဲ့အချိန်မှာသူဟာ လယ် ကွင်းထဲမှာ အလုပ်လုပ်နေကြတဲ့ ကလေးတွေကို တွေ့ခဲ့ပါတယ် ...ကလေးတွေဟာ အရမ်းကို ဆင်းရဲနွမ်းပါ့ကြပြီး သူတို့ရဲ့ ကျောင်းလခကို ပေးသွင်းနိုင်ဖို့အတွက် အလုပ်လုပ်နေကြတာဖြစ်ပါတယ် ...
Bai ဟာ Tianjin ကိုပြန်သွားခဲ့ပြီးသူ့ရဲ့လန်ချားဆွဲတဲ့ အလုပ်ကို ပြန်လည် လုပ်ကိုင်ခဲ့ပါတယ် ... မီးရထားသံလမ်း ဘေးက ဘူတာရုံ အနီးမှာ နေစ ရာလေးတစ်ခု ဖန်တီးပြီးနေခဲ့ပါတယ် ... ဈေးမများလှတဲ့ စားစရာတွေကို စားပြီးသူများစွန့်ပစ်ထားတဲ့ အ၀တ်တွေကိုရှာဖွေဝတ်ဆင်ခဲ့ပါတယ် ... သူရှာဖွေလို့ရသမျှအားလုံးကိုတော့ ကျောင်းမတက်နိုင်တဲ့ ကလေးတွေဆီ ကိုတစ်ပြားတစ်ကျပ်တောင် ချန်မထားပဲ ပို့ပေးခဲ့ပါတယ် ...
၂၀၀၁ ခုနှစ်မှာတော့ သူဟာ သူ့ရဲ့လန်ချားကို Tianjin Yaohua အလယ် တန်းကျောင်းလေးကို ဆွဲလာခဲ့ပါတယ် ...သူနောက်ဆုံးရှာလာတဲ့ ငွေလေးကို ပို့ပေးဖို့အတွက်ပေါ့ ... အသက် ၉၀ နီးပါးရှိပြီဖြစ်တဲ့ Bai ဟာ ကျောင်းသားလေးတွေကို သူအလုပ်မလုပ်နိုင်တော့ တဲ့အကြောင်းကို ပြောပြခဲ့ပါတယ် ... ကျောင်းသားတွေနဲ့ဆရာမတို့ဟာမျက်ရည်မဆည် နိုင်အောင် ဖြစ်ခဲ့ရပါတယ် ...
စုစုပေါင်းအနေနဲ့ Bai ဟာ ၃၅၀,၀၀၀ ပမာဏရှိတဲ့ ယွမ်ငွေ တွေကို အယောက် ၃၀၀ ထပ်မနည်းတဲ့ ကျောင်းသားလေးတွေ ကျောင်းဆက် တက်နိုင်ဖို့ လှူဒါန်းခဲ့ပါတယ် ... ၂၀၀၅ ခုနှစ်မှာတော့ Bai ဟာ သူ့ရဲ့လှူံ ဆော်လွမ်းမိုးခဲ့တဲ့ အရာတွေကို ထားခဲ့ပြီး သေဆုံးသွားခဲ့ပါတယ် ...
သူများဝတ်ပြီးသား အ၀တ်စုတ်တွေကိုဝတ်ပြီး ပညာမတတ်တဲ့ လန်ချား သမားတစ်ယောက်တောင် ကလေးငယ် ၃၀၀ ကို ကျောင်းကိုသွားနိုင်ဖို့ ထောက်ပံ့နိုင်ခဲ့သေးတယ်ဆိုရင် သင်နဲ့ကျွန်ုပ်တို့ရဲ့ အင်အားနဲ့သာဆိုရင် ကမ္ဘာကြီးကို ဘယ်လောက်တောင် ပိုကောင်းလာအောင်လုပ်နိုင်မယ်ဆို တာကို သင့်စိတ်ကူးနဲ့ပုံဖေါ်ကြည့်လိုက်ပါ ...

.... ♦ .... NS (ဘာသာပြန်သည်)


[MUST READ]

In 1987, a 74-year old rickshaw puller by the name of Bai Fangli came back to his hometown planning to retire from his backbreaking job. There, he saw children working in the fields, because they were too poor to afford school fees.

Bai returned to Tianjin and went back to work as a rickshaw puller, taking a modest accommodation next to the railway station. He waited for clients 24 hours a day, ate simple food and wore discarded second-hand clothes he found. He gave all of his hard-earned earnings to support children who could not afford education.

In 2001, he drove his rickshaw to Tianjin YaoHua Middle School, to deliver his last installment of money. Nearly 90 years old, he told the students that he couldn't work any more. All of the students and teachers were moved to tears.

In total, Bai had donated a total of 350,000 yuan to help more than 300 poor students continue with their studies. In 2005, Bai passed away leaving behind an inspiring legacy.

If a rickshaw-puller who wore used clothes and had no education can support 300 children to go to school, imagine what you and I can do with the resources we have to bring about positive change in our world!

If you are going to SHARE one post today, let it be this one!



 ကမ္ဘာ့အံ့ဖွယ်နေရာများ......................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map