<div style='background-color: none transparent;'></div>

Home » » *** နှီးယပ်တောင်ကလေး *** ----------------------------------

*** နှီးယပ်တောင်ကလေး *** ----------------------------------



ဝါးခြမ်းစိတ်ဖြတ် ၊ လွှာရက်သပ်သည့်
နှီးယပ်တောင်လေး တစ်ခုပါ။

ဈေးက မဝယ် ၊ ဖိုး မထယ်ချေ
နွေဝယ်ပူပြင်း ၊ အိုက်စပ်ခြင်းတွက်
အိမ်တွင်းလက်ဖြစ် သုံးရန်တည်း။

နှီးယပ်တောင်လျှင်
အမြင်လှကာ ၊ မွှေးမြစွာနှင့်
နံ့သာယပ်တောင် ၊ မြို့သုံးဆောင်သို့
ပွဲခေါင်တင့်သည် မဟုတ်ပါ။

နှီးယပ်တောင်လျှင်
အမြင်လှဆုံး ၊ ခေတ်မီသုံးသော
မြို့လုံးနှံ့လျှံ ၊ ပန်ကာပျံသို့
ဇိမ်ခံပစ္စည်း မဟုတ်ပါ။

ပွဲခေါင် ပွဲလယ် ၊ မတင်တယ်၍
မြို့ဝယ်ဇိမ်ခံ ၊ မသုံးပြန်လည်း
ထရံမလပ် ၊ တောရပ် တောမြေ
တောနေ တောဖွား ၊ လူအများတွက်
အားကြိုးကူမျှ ၊ သူ့စွမ်းစလျှင်
လောကဝန်းနှယ် ပါတကား။

သြော် ဝါးခြမ်းစိတ်ဖြာ
လွှာရက်သပ်သည့် ၊ နှီးယပ်တောင်လေး
သေးသိမ်မပြောင် ၊ တောသုံးဆောင်လည်း
သယ်ဆောင်ယူပေး ၊ လေအေးအေးနှင့်
ချွေးသိပ်မောပြေ စေပါသည်။ ။

ဖျာပုံ - မောင်ဆွေနွယ်

အေးချမ်းမွန် ................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map