ရာဟုလာ၊ ကြေးမုံဟာ ဘယ်လိုအကျိုးရှိသလဲ? ကြည့်ရှုရခြင်းအကျိုး ရှိပါတယ်ဘုရား။ရာဟုလာ ဤဥပမာအတိုင်း ကြည့်ရှု့ ဆင်ခြင် ၍ ကိုယ်အမှုကို ပြုရမယ်။ ကြည့်ရှုဆင်ခြင်၍ နှုတ်အမှုကို ပြုရမယ်။ ကြည့်ရှုဆင်ခြင်၍ စိတ်အမှုကို ပြုရမယ်။
ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာနဲ့ နဲ့ တစ်ခုခုကို ပြုတော့ မယ်၊ ပြောတော့မယ်၊ ကြံတော့မယ်ဆိုရင် မပြုမီ၊ မပြောမီ၊ မကြံမီ "ဒီအလုပ်ဟာ မိမိ၊ သူတစ်ပါးကို အကျိုးမဲ့စေသလား၊ ကောင်း ကျိုးတိုးပွားစေသလား"ဟု ကြည့်ရှုဆင်ခြင်ရမယ်။ အကျိုးမဲ့စေတယ်ဆိုရင် မပြုသင့်ဘူး။ ကောင်းကျိုးကို တိုးပွားစေတယ်ဆိုရင် လုပ်သင့်တယ်။
ကိုယ်အမှုအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာနဲ့ ပြုမူ၊ ပြောဆို၊ ကြံစည်နေစဉ်မှာလည်း "ဒါဟာ မိမိသူတစ်ပါးနှစ်ဦးသားကို ထိခိုက်နေလား၊ ကုသိုလ်တိုးပွားစေသလား" ဟု ကြည့်ရှုဆင်ခြင်ရမယ်။ ထိခိုက်စေတယ်ဆို ရင် ချက်ချင်းရပ်လိုက်ပါ။ ကုသိုလ်တိုးပွားစေတယ်ဆိုရင်
အကယ်၍ ကိုယ်အမှုအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာနဲ့ ပြုမူ၊ ပြောဆို၊ ကြံစည်ပြီးတဲ့အခါမှာလည်း "ကိုယ်လုပ်တဲ့အလုပ်ဟာ မိမိသူတစ်ပါးကို ထိခိုက်စေခဲ့သလား၊ ကောင်းကျိုးတိုးပွားစေခဲ့သလ
ထို့ကြောင့် ရာဟုလာ ဤသာသနာတော်မှာ ကြေးမုံလိုပဲ ကြည့်ရှုဆင်ခြင်၍ သာ လျှင် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတို့ကို ပြု မူပြောဆို ကြံ စည်ရမယ်။
ဗဟုသုတ ဟင်းပေါင်းအိုးကြီး
အေးချမ်းမွန်


0 comments:
Post a Comment