<div style='background-color: none transparent;'></div>

Home » » ချယ်လ်ဆီးအတွက် ပရီးမီးယားလိဂ် ဖလား မော်ရင်ဟို ပြန်လည်ယူဆောင်ပေးမည်ဟု အလန်ရှီးယား ဆို

ချယ်လ်ဆီးအတွက် ပရီးမီးယားလိဂ် ဖလား မော်ရင်ဟို ပြန်လည်ယူဆောင်ပေးမည်ဟု အလန်ရှီးယား ဆို






လန်ဒန် သြဂုတ် ၁၇

နည်းပြ ဟိုဆေးမော်ရင်ဟိုသည် ယခုနှစ် ရာသီတွင် ချယ်လ်ဆီးအသင်းအား ပရီးမီးယားလိဂ် ဖလား ပြန်လည် ရရှိစေရန် ဆောင်ရွက်ပေးမည့်သူ ဖြစ်ကြောင်း ဝါရင့် ကစားသမား တစ်ဦးဖြစ်သူ အလန်ရှီးယားက ပြောကြားထားသည်။

အင်္ဂလန် တိုက်စစ်မှူးဟောင်း ရှီးယားက မော်ရင်ဟို၏ အတွေ့အကြုံ ရင့်ကျက် မြင့်မားမှုသည် ချယ်လ်ဆီးအား ပြိုင်ဘက် အသင်းများကို ကျော်တက် စေနိုင်သည်ဟု ယုံကြည်ထားသည်။

မော်ရင်ဟိုသည် ပရီးမီးယားလိဂ်နှင့် ပတ်သက်သမျှ အရာအားလုံကို သိရှိနားလည်ထားသူ ဖြစ်ပြီး အနိုင်ပွဲ ရအောင် မည်သို့ ပြုလုပ်ရမည်ကိုလည်း နားလည်ထားသူ ဖြစ်ကြောင်း ရှီးယားက ပြောကြားထားသည်။ မော်ရင်ဟိုသည် ၂ဝဝ၄- ၂ဝဝ၅ ရာသီနှင့် ၂ဝဝ၅- ၂ဝဝ၆ ရာသီတို့တွင် ချယ်လ်ဆီး အသင်းအား ပရီးမီးယားလိဂ် ဖလားကို နှစ်ကြိမ်ဆက်တိုက် ရယူပေးခဲ့သူ ဖြစ်ကြောင်း သိရသည်။



မြ၀တီ...............မှ

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map