<div style='background-color: none transparent;'></div>

Home » » တက်တူးထိုးထားတဲ့မိန်းကလေးတွေမြင်ရင် ပိုလှတယ်လို့ခံစားရတယ်ဆိုတဲ့သင်ဇာဝင့်ကျော်

တက်တူးထိုးထားတဲ့မိန်းကလေးတွေမြင်ရင် ပိုလှတယ်လို့ခံစားရတယ်ဆိုတဲ့သင်ဇာဝင့်ကျော်

သင်ဇာက တက်တူးထိုးရတာ ကိုကြိုက်တယ်။ ကိုယ်ကတက်တူး ထိုးရတာကိုကြိုက်တဲ့ သူမို့ လို့လား မသိဘူး။
သူများထိုးထားတာမြင်ရင် လည်းကြိုက်တယ်။ ကိုယ့်ဘာသာ ကိုယ်လည်း ကြည့်ပြီးကြိုက် တယ်။ ဆယ်တန်းပြီးလောက်ကတည်းက အိမ်ကတက်တူးထိုးဖို့ခွင့်မပြုတော့ တက်တူးစတစ် ကာတွေ ကို ကပ်ဖြစ်တယ်။ ကိုယ်တက်တူးထိုးထားတာ ကိုကြည့်ပြီး ကြိုက်သလိုမြင်ကြပါ စေ။ ဒါက ကိုယ့် personal လေ။ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ကြိုက်သလို လုပ်မှာပဲ။ လူ့ဘ၀ ဆိုတာ တိုတိုလေး။ ကိုယ်ဖြစ်ချင် တာ၊ ကိုယ်လုပ် ချင်တာကိုလုပ်ပြီး ပျော်အောင်အေး ဆေးနေ မယ်။
လူတွေပုတ်ခတ်တာ၊ ပြောဆိုတာ၊ ဝေဖန်တာကိုအမြဲနား ထောင်နေမယ်ဆို ခေါင်းကိုက်လို့ သေရင်တောင်သေ သွားမယ်။ ဒီ တက်တူးထိုးတာကို ဘယ်လိုပဲလာ ပြောပါစေ။ ကောင်းတာ ပဲပြောပြော၊ မကောင်း တာပဲပြောပြော အပြောခံဖို့အသင့်ပဲ။ ကိုယ်ကထိုးပြီး သားလည်းဖြစ်တယ်။ ကြိုက်လည်း ကြိုက်နေ တာကိုး။ တက်တူးထိုးရင် နာတယ်လို့သင်ဇာမထင်ဘူး။ အဲဒီဟာကို fell လို့ထင်တယ်။ အဲဒီလောက်ကြီး လည်းမနာပါဘူး။ တက်တူးထိုးရင် ငါလှသွားမယ်ဆိုတဲ့စိတ် ထည့်ပြီးထိုး အဲဒါဆိုအဆင်ပြေတယ်။ အခုချိန်ထိ သင်ဇာထိုးထားတဲ့တက်တူးတွေကို ရိုးတာမရှိဘူး။ မကြိုက်တော့တာမရှိဘူး။ သင်ဇာ မရိုးသေး ဘူး။ ကြိုက်တုန်းပဲ။
တက်တူးအရုပ်အကြီးကြီးတစ်ပုံထိုးရတာထက်၊ သေးသေးလေးတွေအများ ကြီးထိုးရတာကို ပိုကြိုက် တယ်။ နောက်ထပ်တက်တူးထိုးဖို့အစီအ စဉ်ရှိတယ်။ ဘယ်နေရာမှာထိုးရမယ် မသိသေး ဘူး။ နေ ရာသေချာ ရွေးပြီး ပုံသေချာရွေးပြီးမှပဲထိုးတယ်။ အခုတက်တူးထိုးကြတာ တစ်ခါသုံးအပ်တွေပဲဆိုတော့ သိပ်စိုးရိမ်စရာလည်းမရှိပါဘူး။ ဆေး တွေ လည်းကောင်းတယ်၊ ကိုယ်က လည်းကျန်းမာနေတဲ့ လူ တစ်ယောက် ဆိုတော့ ဘာမှစိတ်ပူစရာကိစ္စ တော့မဟုတ်ပါဘူး။ တက်တူးထိုး ထားတဲ့မိန်း ကလေးတွေ ကိုမြင် ရင် ပိုလှတယ်လို့ ခံစားရတယ်။ တက်တူးမထိုးထား တဲ့မိန်းကလေးတွေက ရိုးရိုးရှင်းရှင်း လှရင် လှနေမယ်။
တက်တူးထိုးထားတဲ့မိန်းကလေးတွေက ပိုပြီးလှနေတယ်။ အဲဒါကိုကြိုက် တယ်။ အရင်က တက်တူးကို လူမမြင် တဲ့နေရာမှာ ထိုးတယ်။ အခုတော့ လူမြင်တဲ့နေရာမှာထိုးတယ်။ သင်ဇာက တက်တူးကြိုက်တဲ့သူ တစ်ယောက်ပါ။ သင်ဇာ့ပရိသတ် တွေထဲမှာ တက်တူးထိုးတဲ့သူဘယ် နှယောက်ပါလဲ မသိဘူး။ ဒါပေမဲ့ တက်တူးထိုးချင်စိတ်ရှိရင်ထိုးပါ။ တချို့က လှတော့လှ ချင်တယ်။ နာမှာကိုကြောက်တဲ့သူတွေရှိတယ်။ အဲဒါကတော့ ကိုယ့်စိတ်နဲ့ ကိုယ်ပေါ့။ ဒါပေမဲ့ ထိုးချင်တဲ့စိတ်ရှိရင်ထိုးပါလို့ သင်ဇာကတော့ပြော ချင်ပါတယ်။
8 DAYS JOURNAL
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map