<div style='background-color: none transparent;'></div>

Home » » ဘောလုံးလောကကို ဒေကို ကျောခိုင်းပြီ

ဘောလုံးလောကကို ဒေကို ကျောခိုင်းပြီ

 


ပေါ်တို၊ ဘာစီလိုနာ၊ ချဲလ်ဆီး စသည့် အသင်းများတွင် ကစားခဲ့ဖူးကာ လက်ရှိ ဖလာမင်နိစ်တွင် ကစားနေသည့် ပေါ်တူဂီ လက်ရွေးစင်ဟောင်း
ဒေကိုမှာ ဘောလုံးလောကမှ အနားယူသွားခဲ့သည်။ ဒေကိုသည် မွေးရပ်မြေ ဘရာဇီးရှိ ဆယ်ဂိုင်ရို့စ်ကလပ်တွင် ကစားသမားဘ၀ စတင်ခဲ့သူဖြစ်ပြီး ၁၉၉၉ခုနှစ်တွင် ပေါ်တိုသို့ ပြောင်းရွှေ့ခဲ့ကာ ယင်းနောက် ပေါ်တူဂီ
နိုင်ငံသားအဖြစ် ခံယူခဲ့ကာ လက်ရွေးစင် ကစားသမားဘ၀ ၇နှစ်တာအတွင်း ပွဲပေါင်း ၇၅ပွဲ ကစားပေးခဲ့သူဖြစ်သည်။

ယခုကဲ့သို့ အနားယူရခြင်းနှင့် ပတ်သက်၍ ဒေကိုက “ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀က အနားယူလိုက်ရလို့ တော်တော်ဝမ်းနည်းပြီး
တော်တော်လည်း နောင်တရပါတယ်ဗျာ။ ကျွန်တော့်အနေနဲ့ ဘရာဇီးလိဂ်မှာ ဆက်ကစားချင်ပြီး အသင်းကို လီဘာတေးဒိုးပြိုင်ပွဲ ကစားခွင့်ရဖို့ ကူညီချင်ပေမယ့် ကျွန်တော့် ခန္ဓာကိုယ်က ဒါကို ခွင့်မပြုတော့ပါဘူး။ ကျွန်တော့်အပေါ် ယုံကြည်ခဲ့တာ၊ နှစ်သက်ခဲ့တာအားလုံးအတွက်
ကျေးဇူးတင်ပါတယ်”ဟု ပြောခဲ့သည်။

ဒေကိုမှာ ၂၀၀၄ခုနှစ်တွင် ပေါ်တိုနှင့်အတူ ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပြီး နည်းပြ မော်ရင်ဟို ထွက်ခွာပြီးနောက် ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့ကာ ဘာစီလိုနာ ကစားသမားဘ၀ လေးနှစ်တာကာလအတွင်း လာလီဂါ ဖလားနှစ်လုံး၊ ချန်ပီယံလိဂ်ဖလား တစ်လုံး ဆွတ်ခူးနိုင်ခဲ့ပြီး ချဲလ်ဆီးသို့ နှစ်နှစ်ကြာ လာရောက်ကစားခဲ့ကာ ၂၀၁၀ခုနှစ်တွင် ဥရောပ ဘောလုံးလောကကို ကျောခိုင်း၍ ဘရာဇီးကလပ်ဖလာမင်နိစ်သို့
ပြောင်းရွှေ့ခဲ့သည်။

ဇော်ထွန်း(ရိုးရာလေး)................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map