<div style='background-color: none transparent;'></div>

Home » » မီးလောင်နေသည့် အဆောက်အအုံပေါ်မှ ပစ်ချလိုက်သည့် မွေးကင်းစ ကလေးငယ်ကို ၁ဝ နှစ် အရွယ် မိန်းကလေး တစ်ဦးက အောင်မြင်စွာ ဖမ်းနိုင်ခဲ့

မီးလောင်နေသည့် အဆောက်အအုံပေါ်မှ ပစ်ချလိုက်သည့် မွေးကင်းစ ကလေးငယ်ကို ၁ဝ နှစ် အရွယ် မိန်းကလေး တစ်ဦးက အောင်မြင်စွာ ဖမ်းနိုင်ခဲ့

အမေရိကန် ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့ ဆင်ခြေဖုံးရှိ အဆောက်အအုံ တစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါအဆောက်အအုံ ဒုတိယထပ်မှအမျိုးသမီး တစ်ဦးကပစ်ချလိုက် သည့် မွေးကင်းစ ကလေးငယ်တစ်ဦးအား အသက် ၁ဝ နှစ် အရွယ် မိန်းကလေး တစ်ဦး က ပြတင်းပေါက် အောက်မှရပ်၍ စွန့်စားပြီး ဖမ်းယူကာ ကယ်တင် နိုင်ခဲ့ကြောင်း သိရသည်။

ကလေးငယ်အား ကယ်တင်နိုင်ခဲ့သူ ၁ဝ နှစ် အရွယ် ဇာနာဂရက်ရှန် အမည်ရှိ မိန်းကလေးအား သူရဲကောင်းအဖြစ် ကြိုဆို ဂုဏ်ပြုခဲ့ကြသည်။ မိခင်ဖြစ်သူ အဆိုပါ အမျိုးသမီးသည် ကလေးငယ်အား မီးဘေးမှ လွတ်မြောက်ရန် ကြံရာမရ လွှတ်ချခဲ့ရခြင်း ဖြစ်ပြီး ကလေးငယ် မြေပြင်သို့ မကျမီ ဇာနာက ဖမ်းယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း Znam WS ရုပ်သံက ပြောကြားခဲ့သည်။ အဆိုပါ မိခင်တွင် ကလေးငယ် သုံးဦးရှိပြီး အပေါ်ထပ်တွင် မီးခိုးများ ပြည့်နှက်နေမှုကြောင့် အခြား ရွေးချယ်စရာ မရှိဘဲ ပြတင်းပေါက်မှ တစ်ဆင့် အဆောက်အအုံ အောက်ရှိ လူများနှင့် အိမ်နီးချင်းများထံ ပစ်ချခဲ့ရကြောင်း သိရသည်။

အသက် ၂ နှစ် အရွယ်နှင့် ၃ နှစ်အရွယ် အခြားကလေးငယ် နှစ်ဦးမှာ မြေပြင်သို့ ပြုတ်ကျပြီး ဒဏ်ရာ အနည်းငယ် ရရှိခဲ့သောကြောင့် ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူလျက် ရှိကြောင်း၊ အဆိုပါ မီးလောင်မှု သည် ပထမထပ်ရှိ မီးဖိုခန်းမှ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တာဝန် ရှိသူများက ပြောကြား ခဲ့သည်။


မြ၀တီ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map