<div style='background-color: none transparent;'></div>

Home » » ပါးစပ် နဲ့  ကာမဂုဏ် ခံရင် ကင်ဆာ ဖြစ်ဖို့ သေချာ =======================

ပါးစပ် နဲ့  ကာမဂုဏ် ခံရင် ကင်ဆာ ဖြစ်ဖို့ သေချာ =======================



လိင်ဆက်ဆံ မှု မှာ ပါးစပ် နဲ့  လုပ်တာ ကို ရှောင်ကျဉ် ဖို့  အိုဟိုင်းယိုပြည်နယ် တက္ကသိုလ် ကင်ဆာနှင့် ကူး စက်ရောဂါ ပိုးမွှား များ လေ့လာမှုသုတေသန ဌာန က သတိပေး ချက် ကို Wall Streetဂျာနယ် မှာ ဖော်ပြ ထား ပါတယ်။

ဒီတက္ကသိုလ် က ကင်ဆာ သု တေသန မှုး တစ်ဦး ဖြစ်သူ မော်ရာ ဂီလီဆင် က ပါးစပ် နဲ့  လိင်ဆက်ဆံ တာဟာ အမျိုးသား တွေ ထက် အမျိုးသမီး တွေ က ပိုပြီး ပြု မူတတ်ပြီး အစာရေမြို ကင်ဆာလည်ချောင်း ကင် ဆာ နဲ့  သားအိမ် ကင်ဆာ ရရှိ မှု တွေ မှာ လည်း အမျိုးသမီး တွေ က အဖြစ်အများ ဆုံး လို့  မော်ရာ ဂီလီဆင်က ပြောပါတယ်။

အနောက်တိုင်း ယဉ်ကျေးမှု မှာ နှုတ်ခမ်းချင်း တေ့ နမ်းစုတ် ခြင်း အလေ့အထ ရှိတာ ကြောင့် ကူးစက် ရောဂါ ပြန့် ပွား ဖို့  က ပို လွယ် တယ် လို့  တက္ကသိုလ် က လေ့လာ ချက် မှာ ဖော်ပြထားပါတယ်။
ပါးစပ် နဲ့  လိင်ဆက် ဆံ မှု ဟာ သမရိုးကျ လိင်ဆက်ဆံ မှု ထက် ပေါ်ပြူလာ ပို ဖြစ်လာတာ ဟာမိန်းကလေး တွေ အတွက် တစ်ချိန် မှာ ကင်ဆာ ရဲ့  သားကောင် ဖြစ်သွား နိုင် ကြောင်း ကို မိုင်ယာမီ ကင်ဆာ ရောဂါ လေ့လာ ရေး ဌာန က လည်း သတင်း ထုတ် ပြန် ထား ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စု နှစ် တွေ အတွင်း မှာ လည်ချောင်း ကင်ဆာ ရောဂါ ဖြစ်ရင် ဆေးလိပ် နဲ့  တခြားရောဂါ ပိုးမွှား တွေ ကြောင့် လို့  လက်ခံ ထား ကြ ပေမယ့် ဆေးလိပ် လည်း သောက် ၊ ပါးစပ်နဲ့ လည်း ကာမ ဆက်ဆံ တဲ့ သူ တွေ ထဲ က လည်ချောင်း ကင်ဆာ ရောဂါ ခံစား နေရာသူတွေ ကို လေ့လာကြည့် တဲ့ အခါ ၈၀ ရာခိုင်နှုန်းက အစာသွင်း လမ်းကြောင်း ကနေ လိင်ဆက်ဆံ လို့  ရရှိ တာ ဆို တဲ့ ရလာဒ် ထွက် ပေါ်လာ ပါတယ်။

New England Journal of Medicine က တွေ့ ရှိ ချက် အရ အသက် ၂၀ ကျော် ကနေ ၃၀ကျော် အရွယ် တွေ ဟာ ပါးစပ် နဲ့  လိင်ဆက် ဆံတာ ကို ပို သဘောကျ ပြီး ဥရောပ သူ တွေ ကအမေရိကန် သူ တွေ ထက် ဒါကို ပို သဘော ကျတယ်။ လည် ချောင်း ကင်ဆာ ဖြစ်ပွား မှု မှာလည်း ဥရောပ မမ တွေ က ပို များတယ် လို့  သုတေသနအစီရင် ခံစာ မှာ ဖော်ပြထား ပါတယ်။

ကျန်းမာ ရေး ကောင်းသူ တစ်ယောက် ရဲ့  ကိုယ်တွင်း က ထွက် ရှိလာ တဲ့ အရည် ဟာ ပြဿနာမဟုတ် ပေမယ့် ဒါ ထွက် ရှိလာမယ့် နေရာ တစ်ဝိုက် မှာ မသန့် ရှင်း မှု တွေ ရှိ နေရင် ပါးစပ်ကိုချက်ခြင်း ကူးစက် တတ်တယ် လို့  မော်ရာ ဂီလီဆင် က ထောက်ပြ ပါတယ်။
အမေရိကန် နဲ့  ဥရောပ က အထက်တန်း ကျောင်း တွေ မှာ ပါးစပ် နဲ့  လိင်ဆက်ဆံ တာ ကို ရှောင်ရှား ဖို့  လိင်ပိုင်း ဆိုင်ရာ ပညာပေး အစီအစဉ် တွေ က နေ ဆော် သြပေး မယ့် အောင်မြင်မှု မရရှိပါဘူး ။

ဝါရှင် တန် ပြည်နယ် တာကိုမာ အထက်တန်း ကျောင်းက
ကျောင်းသူ လေး အေဒီရိယန်နာ ကသူ ရဲ့  ရည်စား နဲ့  လိင်ဆက် ဆံ ချင်ပေမယ့် ကိုယ်ဝန် ရှိလာ မှာ ကြောက်တဲ့ အတွက် ပါးစပ်နဲ့ ပဲ သူက နှစ်သိမ့်  မှု ပေး ခဲ့ ရတယ်။ သူ ဟာ အခု တော့ သိပ်မစိုးရ သေးတဲ့ ခံတွင်း ကင်ဆာရောဂါ သည်တစ်ယောက် ဖြစ်နေပါပြီ။
______________________
င်္Freedom Group



မယ်ဆိုင်အွန်လိုင်းစာမျက်နှာ

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map