<div style='background-color: none transparent;'></div>

Home » » မော်ရင်ဟို ယုံကြည်သည့်အတိုင်း ၀ီလျံအတွက် ချဲလ်ဆီး သဘောတူညီမှု ရခဲ့

မော်ရင်ဟို ယုံကြည်သည့်အတိုင်း ၀ီလျံအတွက် ချဲလ်ဆီး သဘောတူညီမှု ရခဲ့



ချဲလ်ဆီးမှာ အန်ဇီကွင်းလယ်လူ ၀ီလျံကို ခေါ်ယူရန် ယူရို ၃၇သန်းဖြင့် သဘောတူညီမှု ရယူနိုင်ခဲ့သည်။ အန်ဇီနှင့် စပါးတို့မှာ ၀ီလျံအတွက်
ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ဖြင့် သဘောတူညီမှု ရရှိခဲ့ပြီးနောက် အဆိုပါကစားသမားမှာ ဆေးစစ်မှုခံယူရန် လန်ဒန်သို့ လာရောက်ခဲ့ပြီး လစာငွေအတွက် စပါးနှင့် ဆွေးနွေးရာတွင် အဆင်မပြေဖြစ်ခဲ့သည်။ ထို့နောက် ကစားသမား၏ အေးဂျင့်ဖြစ်သူက ချဲလ်ဆီး၏ ကမ်းလှမ်းမှုကို လက်ခံဆွေးနွေးခဲ့ရာတွင် ယခုကဲ့သို့ သဘောတူညီမှု ရခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် အလုပ်လုပ်ခွင့်ပါမစ် ရပါက ချဲလ်ဆီးသို့အပြီးသတ်
ပြောင်းရွှေ့နိုင်မည်ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ၀ီလျံကို ခေါ်ယူနိုင်ခဲ့မည်ဟု ယုံကြည်ကြောင်း မော်ရင်ဟိုက ဖွင့်ဟခဲ့ပြီး ယခုအပြောင်းအရွှေ့ကာလတွင် ချဲလ်ဆီးအတွက် တတိယမြောက် ကစားသမားသစ် ဖြစ်လာခဲ့သည်။ ၀ီလျံနှင့် ပတ်သက်၍ ချဲလ်ဆီးအသင်း ၀က်ဆိုက်တွင် “ ၀ီလျံရဲ့ အပြောင်းအရွှေ့အတွက် ကစားသမားနဲ့ရော အန်ဇီနဲ့ပါ သဘောတူညီမှု ရယူနိုင်ခဲ့ပါပြီ။ လာမယ့် ဗုဒ္ဓဟူးနေ့မှာ အလုပ်လုပ်ခွင့်ပါမစ်ရဖို့ပဲ ကျန်ပါတော့တယ်”ဟု ဖော်ပြထားသည်။


ဇော်ထွန်း(ရိုးရာလေး)..............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map